Asia
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈၃၂ ဦးအထိ မြင့်တက်လာ

ဂျကာတာ၊ စက်တင်ဘာလ ၃၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် စက်တင်ဘာလ ၂၈ ရက်က အင်အားပြင်းငလျင်များ ကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၈၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ငလျင်ပြင်းအား ၆.ဝ၊ ၇.၄ နှင့် ၆.၁ ရှိသောငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး Sulawesi ပြည်နယ် မြို့တော် ပါလူနှင့် ဒုန်ဂလာခရိုင်တို့တွင် ငလျင်ဒဏ်အများဆုံးခံခဲ့ရကြောင်း သိရသည်။မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားပြီးသူများအား မြေမြှုပ်သဂြိုလ်ရန်နှင့် အပျက်အစီများအောက်ရှိနေသူများအား ဆက်လက်ရှာဖွေရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ပြန်ကြားရေးနှင့် ဆက်ဆံရေးဝန်ကြီးဌာန Ferdinandus Setu က ပြောကြားခဲ့သည်။ယင်း ပြည်နယ်ရှိအဓိကလေဆိပ်အား ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုထားကြောင်း သိရသည်။ (Xinhua)