Connect with us

Australia / Oceania

ကလေးအလုပ်သမားကို လက်မခံနိုင်ကြောင်း ဖီဂျီအစိုးရ ပြောကြား

ဖီဂျီနိုင်ငံရှိ ကလေးအလုပ်သမားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆူဗာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် ကလေးအလုပ်သမား၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုများအား သည်းခံမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ပါဗီးကူးမား (Parveen Kumar) က သြဂုတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အစိုးရက ဒေသတွင်း အထူးသဖြင့် ကလေးများအပေါ် အဓမ္မ အလုပ်ခိုင်းစေမှု ပုံစံအားလုံးကို အမြစ်ပြတ်ချေမှုန်းရာတွင် ဦးဆောင်ရန် ကတိပြုထားကြောင်း ကူးမားက ပြောခဲ့သည်။

“ဖီဂျီအစိုးရက ယနေ့ခေတ်တွင် သည်းခံနိုင်ဖွယ်မရှိသော ကလေးအလုပ်သမား၊ အဓမ္မခိုင်းစေမှုနဲ့ လူကုန်ကူးမှုတွေ ကျန်ရှိနေမှုကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ရပ်တည်နေပါတယ်” ဟု ကူးမားက ဖြည့်စွက်ပြောခဲ့သည်။

ဖီဂျီနိုင်ငံသည် အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်း ပုံစံအားလုံးတို့အား သုတ်သင်ရှင်းလင်းသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)