Connect with us

Europe

သြစတြေးလျနိုင်ငံက ကမ္ဘာပေါ်တွင် မွေးဖွားစရိတ် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း လေ့လာတွေ့ရှိ

မီးဖွားပြီးစ မိခင်နှင့် ကလေးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် မွေးဖွားစရိတ် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံက ဆေးပညာဆိုင်ရာ ဂျာနယ် The Lancet က ဖွံ့ဖြိုးပြီးနိုင်ငံပေါင်း ၁၄ ခုတွင် လေ့လာမှု တစ်ခု ပြုလုပ်ခဲ့ရာ အမေရိကန်နိုင်ငံပြီးလျှင် ကလေးတစ်ယောက် မွေးဖွားစရိတ် အကြီးဆုံးနိုင်ငံသည် သြစတြေးလျနိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်ဟု Australian Associates Press ၏ သတင်းများတွင် ဖော်ပြခဲ့သည်။
The Lancet က ပြသခဲ့သည့် စာရင်းဇယားအရ သြစတြေးလျနိုင်ငံ၌ အမျိုးသမီး တစ်ဦး ဗိုက်ခွဲပြီး ကလေး မွေးဖွားပါက ကုန်ကျစရိတ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၀,၅၀၀ ရှိပြီး အမေရိကန်ထက် ဒေါ်လာ ၅,၀၀၀ သာ သက်သာကြောင်း သိရသည်။
ထို့ပြင် သြစတြေးလျတွင် သဘာဝအတိုင်း ကလေးမီးဖွားပါက အမေရိကန် ဒေါ်လာ ၆,၇၇၅ ရှိပြီး အမေရိကန် နိုင်ငံတွင်မူ ဒေါ်လာ ၁၀,၂၃၂ ရှိသည်။
သြစတြေးလျ အမျိုးသမီး ၆၈ ရာခိုင်နှုန်းသည် ကလေးကို သဘာဝအတိုင်း မွေးဖွားခဲ့ကြပြီး ၃၂ ရာခိုင်နှုန်းက ခွဲစိတ်မွေးဖွားခဲ့ကြောင်း၊ ၂ ရာခိုင်နှုန်းသည် ကလေးမွေးဖွားသည့် စင်တာများ၌ မွေးဖွားကာ အမျိုးသမီး ၁ ရာခိုင်နှုန်းသာ နေအိမ်၌ မွေးဖွားခဲ့ကြကြောင်း ဖော်ပြထားသည်။
သြစတြေးလျ အပါအဝင် ဝင်ငွေ မြင့်မားသည့် နိုင်ငံများ၌ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ကုန်ကျစရိတ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု စရိတ် အလွန်မြင့်မားလွန်းသည့်အတွက် မိခင်လောင်း နှင့် မွေးကင်းစ သေဆုံးမှုနှုန်းများ လျှော့ချရန် အဆင့်များစွာ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် သြစတြေးလျနိုင်ငံတွင် အသက် ၃၅ နှစ်အထက် ကလေးမွေးဖွားသည့် အမျိုးသမီး ၂၃ ရာခိုင်နှုန်းရှိပြီး စပိန်နိုင်ငံတွင်မူ အလားတူ မွေးဖွားသည့် အမျိုးသမီးမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.