Connect with us

Europe

ကမ္ဘာ့ဖလားပုံရိုက်နှိပ်ထားသော အောင်နိုင်ရေးဘောလုံးအား ကာတာနိုင်ငံထံ ရုရှားနိုင်ငံက လွှဲပြောင်းပေးအပ်

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပမည့် ကာတာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား၌ ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al Thani ၊ ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲမှယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က FIFA ကမ္ဘာ့ဖလား တံခွန်စိုက်ဘောလုံးကို လာမည့် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်သော ကာတာနိုင်ငံ စော်ဘွား Sheikh Tamim Bin Hamad Al Thani ထံသို့ ဇူလိုင်လ ၁၅ ရက်က လွှဲပြောင်းပေးအပ်လိုက်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်ရှိ Armorial Hall တွင် ကျင်းပသည့် အခမ်းအနား၌ အနီရောင်နှင့် အဖြူရောင် ကမ္ဘာ့ဖလားဘောလုံးအား ကာတာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကာတာနိုင်ငံ၌ ကမ္ဘာ့ဖလားပွဲအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ကရင်မလင် ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာ့ဖလားကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူကြောင်းနှင့် ကာတာနိုင်ငံနှင့်အတူ အတွေ့အကြုံကို မျှဝေရသည့်အတွက် ဝမ်းသာမိကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ပြောကြားခဲ့သည်။

“ကာတာနိုင်ငံမှ ကျွန်တော်တို့၏ မိတ်ဆွေများလည်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာပါ။ ပြီးတော့ ဒီနှစ် ကမ္ဘာ့ဖလားကို ကျင်းပခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို မျှဝေဖို့ အဆင်သင့်ပါပဲ” လို့ ပူတင်က ပြောကြားခဲ့သည်။

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို (Gianni Infantino) လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု ကရင်မလင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.