Connect with us

Europe

ကမ္ဘာ့ဖလားဘောလုံးမှ အတူတကွ ပေါင်းစည်းမှုကိုဖြစ်ပေါ်စေကြောင်း သမ္မတပူတင် ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Luzhniki အားကစားရုံ၌ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၄ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာပူတင် က မော်စကိုမြို့တွင် ဇွန် ၁၄ရက်တွင် စတင်ကျင်းပသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ရုရှားနိုင်ငံ၌နေထိုင်သူ ဘောလုံးပရိသတ်များ၊ ကစားသမားများ နှင့် တာဝန်ရှိသူများ အနေဖြင့် အဆင်ပြေချော့မွေ့မှု ရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

၎င်း က ရုရှားနိုင်ငံ အနေဖြင့် ၁၈၉၇ခုနှစ် တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအား ပထမဆုံး တရားဝင်ကျင်းပခွင့် ရရှိစဉ်ကတည်းက ဘောလုံးအားကစားအား ရုရှားနိုင်ငံက နှစ်သက်သဘောကျခဲ့ကြောင်း၊ Luzhniki အားကစားရုံ၌ ရုရှားအသင်း နှင့် ဆော်ဒီ အသင်း ပွဲစဉ်မကျင်းပခင် ပြောကြားခဲ့သည်။ပူတင်က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ကမ္ဘာ့နိုင်ငံအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်စေပြီး စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)