Connect with us

Europe

ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် တက်ကြွစွာ ပူးပေါင်း ပါဝင်သွားလိုကြောင်း ပြောကြား

ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် Giorgi Kvirikashvili အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဘလီစီ ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် Giorgi Kvirikashvili က မေလ ၃၀ ရက်နေ့ တွင် ဂျော်ဂျီယာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် တက်ကြွစွာ ပူးပေါင်းပါဝင်သွားလိုပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ အား ဂျော်ဂျီယာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်ပေးသည့် သဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား ၌ အဖွင့်အမှာစကား ပြောကြား ရာတွင် တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် သမိုင်း တွင် စေမည့် မဟာ ဖော်ဆောင်မှုကြီး တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ပူးပေါင်း ဆက်ဆံရေး အတွက် တန်ဖိုးရှိသည့် အခွင့်အလမ်းသစ် များကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် တွင် ပိုးလမ်းမကြီး စီးပွားရေးဇုန် အတူတကွ ပူးပေါင်းတည်ဆောက်ရေး တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး နောက်တွင် နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ သည် ဂျော်ဂျီယာ နိုင်ငံ ၏ အရေးပါဆုံး ကုန်သွယ်ဘက် နိုင်ငံ အဖြစ် တည်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Giorgi Kvirikashvili က ယခု ဖွင့်လှစ်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ သည် ဂျော်ဂျီယာ နိုင်ငံ ၏ အရေးပါသော စွမ်းအင် စီမံကိန်း တစ်ခုဖြစ်ရာ ယခု စီမံကိန်း မှ တစ်ဆင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုပြီး တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ များ အား ဂျော်ဂျီယာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပိုမို လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.