Europe
ဆန္ဒပြမှုများ ရှိနေသည့်ကြားက ဗြိတိန်နိုင်ငံသို့ ထရမ့်သွားရောက်လည်ပတ်

လန်ဒန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ဆန္ဒပြမှုများ နေရာအနှံ့ဖြစ်ပွားနေသည့်ကြားက ဗြိတိန်နိုင်ငံသို့ ဇူလိုင် ၁၂ရက်တွင် အမေရိကန်သမ္မတ အနေဖြင့် ပထမဆုံး အလည်အပတ်ခရီးစဉ်ရောက်ရှိလာကြောင်း သိရသည်။
၎င်း၏ ၂ရက်တာခရီးစဉ်အတွင်း ထရမ့်အား ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဆာမေ က Blenheim နန်းတော်၌ ကြိုဆိုဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။ထရမ့်သည် တော်ဝင်စစ်သင်တန်းကျောင်း Sandhurst သို့ သွားရောက်ကာ ဗြိတိန်နိုင်ငံ၏ အဆင့်မြင့်စစ်စွမ်းရည် သရုပ်ပြမှုတစ်ခု နှင့် အမေရိကန်-ဗြိတိန် စစ်ရေးပူးပေါင်းလေ့ကျင့်မှုတို့ကို ကြည့်ရှုသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။သမ္မတ ထရမ့်၏ ခရီးစဉ်အား ဆန္ဒပြရန် ဆန္ဒပြသူ ထောင်ချီ၍ လန်ဒန်မြို့တွင် စုဝေးကြမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)