Europe
ဆလိုဗေနီးယား နိုင်ငံ ဝန်ကြီးချုပ် က ရာထူး မှ နုတ်ထွက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ
Ljubljana ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)
ဆလိုဗေနီးယား နိုင်ငံ ဝန်ကြီးချုပ် Miro Cerar က မတ်လ ၁၄ ရက်နေ့၌ ရာထူး မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ၏ ဆန္ဒမဲ ကောက်ခံမှု ရလာဒ် ကို ပယ်ဖျက်ခဲ့ခြင်း အား လက်မခံ နိုင်ကြောင်း ပြောကြား ခဲ့သည်။
Miro Cerar က သတင်းစာ ရှင်းလင်းပွဲ တွင် ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ပယ်ဖျက် ခံရခြင်းကြောင့် စိတ်ထိခိုက်မှု အသစ် ဖြစ်ပွားစေခဲ့သဖြင့် ရာထူး မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဆလိုဗေနီးယား နိုင်ငံ သမ္မတ အနေဖြင့် ယခု နှစ် ဇွန်လပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ အား ကြိုတင် ပြောင်းလဲ ကျင်းပ ခြင်း ပြုမပြု ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆလိုဗေနီးယား နိုင်ငံ အမြင့်ဆုံး တရားရုံး က ယခင်နှစ်၌ ဆန္ဒမဲ ကောက်ခံမှု ပြုလုပ်ပြီး ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည့် ယူရို ၁ ဘီလီယံ တန်ဖိုးရှိသော ရထားလမ်း တည်ဆောက်ရေး စီမံကိန်း အား ပယ်ဖျက်ကြောင်း စီရင်ချက် ချမှတ် ခဲ့သည်။
Miro Cerar က လက်ရှိချိန်တွင် အသက် ၅၄ နှစ်ရှိသူ တစ်ဦး ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ လ မှ စတင်၍ ဆလိုဗေနီးယား နိုင်ငံ ဝန်ကြီးချုပ် ရာထူး အား တာဝန်ယူခဲ့ကြောင်း သိရှိရသည်။(Xinhua)