Europe
ဆီးရီးယား အရေး ၄ နိုင်ငံ ထိပ်သီး အစည်းအဝေး ထပ်မံ ကျင်းပ ပြုလုပ်ရန် ရုရှား နိုင်ငံ သဘောတူ
ဗလာဒီဗော့စ်တော့ ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ သမ္မတ သတင်းထုတ်ပြန်ရေးဆိုင်ရာ အတွင်းရေးမှူး Dmitry Peskov က ဒီဇင်ဘာ ၄ ရက် ၌ ရုရှား နိုင်ငံ အနေဖြင့် ဂျာမနီ ၊ ပြင်သစ် နှင့် တူရကီ နိုင်ငံ တို့နှင့် အတူတကွ ဆီးရီးယား အရေး ၄ နိုင်ငံ ထိပ်သီး အစည်းအဝေး ထပ်မံ ကျင်းပ ပြုလုပ်ရန် သဘောတူကြောင်း ပြောကြား ခဲ့သည်။
Dmitry Peskov က သတင်းစာရှင်းလင်းပွဲ တွင် ၄ နိုင်ငံ ထိပ်သီး အစည်းအဝေး ထပ်မံ ကျင်းပ ပြုလုပ်ရန် ရုရှား နိုင်ငံ က မူအားဖြင့် သဘောတူညီခဲ့ပြီး လတ်တလောရက်ပိုင်း အတွင်း ကျင်းပ သွားဖွယ်ရှိကြောင်း ၊ လက်ရှိချိန်တွင် အစည်းအဝေး အား မည်သည့်နေရာ တွင် ကျင်းပ မည်ကို အဓိက မထားသင့်ဘဲ အစည်းအဝေး ကျင်းပရသည့် အရေးပါမှု အပေါ် အလေးထားသင့်ကြောင်း ပြောကြား ခဲ့သည်။
ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan တို့က G20 ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် အတွင်း တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် ယခင် က သဘောတူညီချက် ရရှိထားသော ဆီးရီးယား နိုင်ငံ တွင် စစ်မဲ့ဇုန် တည်ဆောက်ရေး ကို ဆက်လက် လိုက်နာသွားပြီး တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် အောက်တိုဘာ ၂၇ ရက် တွင် ရုရှား ၊ ဂျာမနီ ၊ ပြင်သစ် နှင့် တူရကီ နိုင်ငံ ခေါင်းဆောင် တို့က တူရကီ နိုင်ငံ တွင် ဆီးရီးယား အရေး ဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်ပ ပြုလုပ်ခဲ့ပြီး အစည်းအဝေး အပြီး ထုတ်ပြန် ခဲ့သည့် ပူးတွဲကြေညာချက် တွင် ၄ နိုင်ငံ ခေါင်းဆောင် တို့က ဆီးရီးယား နိုင်ငံ အတွင်း ဘက်စုံ အပစ်အခတ် ရပ်စဲရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။(Xinhua)