Europe
တူရကီနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ခရီးသွားလုပ်ငန်းပြန်လည်နလံထူရန် မျှော်လင့်ချက် အားလျော့ခဲ့ရ
အစ္စတန်ဘူလ်၊ဩဂုတ် ၄ ရက်(ဆင်ဟွာ)
တူရကီနိုင်ငံ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်းရှိ ပြည်နယ်များစွာတွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေရာ မှန်းဆ၍ မရနိုင်သောအနေအထားကြောင့် COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများအားပြန်လည်နလံထူရေး လာမည့် နွေရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်မှာလည်း လျော့ပါးမှေးမှိန်သွားခဲ့ရကြောင်း သိရသည်။တူရကီနိုင်ငံ Aegean ကမ်းရိုးတန်းတစ်လျှောက်ရှိ Bodrum နှင့် Marmaris ခရီးသွားနေရာများတွင် လှေများကို အသုံးပြု၍ နိုင်ငံခြားခရီးသွားဧည့်သည်ရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ကယ်တင်ပြောင်းရွှေ့ပေးခဲ့ရသည့် ဓာတ်ပုံများ မြင်တွေ့ခဲ့ရပြီးနောက် ကမ္ဘာလှည့်ခရီးသွားများအကြား စိုးရိမ်ပူပန်မှု မြင့်တက်ခဲ့ရသည်။
လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်ကာ ခရီးသွားနေရာများတွင်တောမီးပေါင်း ၁၃၀ ကျော် ဆိုးဆိုးရွားရွားလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယင်းနေရာများကို သဘာဝဘေးအန္တရာယ်ဇုံအဖြစ် ထုတ်ပြန်ကြေညာခဲ့ရသည်။ အဆိုပါတောမီးလောင်ကျွမ်းမှုများကြောင့် လူ ၈ ဦးသေဆုံးသွားသည်ကို အတည်ပြုခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ကဦးဆောင်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး ဇိမ်ခံဟိုတယ်များအနီးတွင် တောမီးများရုတ်တရက်ကူးစက်ပြန့်နှံ့လာခဲ့ခြင်းကြောင့် ခရီးသွားများအား ပင်လယ်ဘက်မှတဆင့် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် အာဏာပိုင်များသည် ဒေသတွင်းရှိ ပုဂ္ဂလိက စက်လှေများ နှင့် ရွက်လှေများကို ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်း မေတ္တာရပ်ခံထားသည်။ ဩဂုတ် ၃ ရက်တွင် ပြင်းထန်သောလေတိုက်နှုန်း နှင့် စိုထိုင်းစကျဆင်းမှုကြောင့် တောမီးများစွာသည် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်ဖြင့် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ခရီးသွားနေရာများတွင် တောမီးလောင်ကျွမ်းမှုများသည် စံချိန်တင်အကြီးဆုံးပမာဏဖြင့်ရောက်ရှိခဲ့ကြောင်း နှင့် ယင်းတောမီးလောင်ကျွမ်းမှုများမှာ သဘာဝအတိုင်းလောင်ကျွမ်းမှုလား သို့မဟုတ် ရှို့မီးလား သိရှိနိုင်ရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိသည်။
“ ဒါဟာ ဂေဟဗေဒစနစ်အတွက် ဘေးဆိုးကြီးတစ်ခုပါပဲ ၊ ပြီးတော့ အဲဒီကဏ္ဍအတွက် ရိုက်ခတ်မှုအသစ်တစ်ခုလည်းဖြစ်မှာပါ ” ဟု တူရကီနိုင်ငံ အန်ကာရာမြို့တော်မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ Esra Kilicက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
“ တောမီးလောင်ကျွမ်းမှုအများဆုံးဖြစ်ပွားတဲ့နေရာက ခရီးသွာနေရာတွေဖြစ်တဲ့ တူရကီနိုင်ငံ မြေထဲပင်လယ် ကမ်းခြေ နဲ့ Aegean ကမ်းရိုးတန်းတစ်လျှောက်မှာဖြစ်ပွားခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းနေရာများ၌ သွားရောက်အပြန်းဖြေရန် စာရင်းပေးသွင်းထားသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ပေါင်းများစွာသည် ၎င်းတို့၏ ခရီးစဉ်များကို ပယ်ဖျက်ခဲ့ကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။
“ ဒီတောမီးလောင်ကျွမ်းမှုက ခရီးသွားလုပ်ငန်းအပေါ်ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာ အခုချိန်မှာ ပြောဖို့စောလွန်းပါသေးတယ် ၊ ဒါပေမယ့် အဲဒီကျိုးဆက်ကို မကြာခင် ခံစားရတော့မှာပါ” ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးနေသည့် Esra Kilic က ဆိုသည်။
“ ဟိုတယ်တွေမှာ ခရီးသွား ဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတယ်” ဟု South Aegean ဟိုတယ်လုပ်ငန်းရှင်များအသင်း အကြီးအကဲ Bulent Bulbuloglu က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ ဒီလိုတောမီးလောင်ကျွမ်းသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ ရုရှားနဲ့ယူကရိန်း ခရီးသွားဧည့်သည်အရေအတွက်ဟာ သိသိသာသာကျဆင်းသွားပါတယ် ၊ သူတို့ဟိုတယ်ကနေ ထွက်သွားကြပြီပေါ့” ဟု မီးလောင်ကျွမ်းမှုအဆိုးရွားဆုံးခံစားခဲ့ရသည့် Manavgat မြို့ မြေထဲပင်လယ်ကမ်းခြေတွင်တည်ရှိသော ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသည့် ဟိုတယ်ဝန်ထမ်း Sahin Sevgin က ဆိုသည်။ “ ဒီရာသီမှာ ပိုကောင်းလာဖို့ မျှော်လင့်ထားတာပါ ၊ ဒါပေမယ့် ကျနော်တို့ရဲ့ အစီအစဉ်ကို တောမီးက ဖျက်ဆီးလိုက်ပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်တွင် တူရကီနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၁၉ မှ ၂၀၂၀ အတွင်း ခရီးသည်ဝင်ရောက်မှုသည် ၆၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံမှ ၂၁.၂ ဘီလီယံထိ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ရသည်။ တူရကီနိုင်ငံသည် ၂၀၂၁ ခုနှစ် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။(Xinhua)
——————————————————–
(English Version)
Massive forest fires dampen hope for Turkey’s tourism recovery
ISTANBUL, Aug. 3 (Xinhua) — The hope of Turkey’s tourism recovery in summer from losses caused by the COVID-19 pandemic was dampened amid unprecedented wildfires in southern and southwestern provinces.
The footage showing hundreds of panicked foreign tourists were evacuated by boats from the world-renowned tourism spots of Bodrum and Marmaris along the Aegean coasts made headlines, raising concern among tourism insiders.
Declared as disaster zones, the tourist spots have been badly hit by over 130 forest fires that erupted almost a week ago. Eight people have been confirmed dead.
Coast guard units led the operation, and authorities asked private boats and yachts to assist in evacuation from the sea as new wildfires had erupted behind luxury hotels.
On Tuesday, several fires are still raging with temperatures of 40 degrees Celsius, accompanied by strong winds and low humidity.
Having ravaged landscapes of touristic hotspots, the fires are the biggest on record, and authorities are investigating whether natural causes or sabotage are to blame.
“This is of course a disaster for the ecology and also a new blow for the sector,” Esra Kilic, a tour operator from the capital city Ankara, told Xinhua.
“The wildfires are mostly in the most touristic areas near the Aegean and Mediterranean coasts of Turkey,” she said, indicating that there are cancellations from both domestic and foreign visitors.
“It is still early to assess the impact of these fires on the tourism sector, but the consequences will be felt soon,” the professional said.
“We have lost 10 percent of our visitors in our hotels,” Bulent Bulbuloglu, head of the South Aegean Hoteliers Association, told the local press.
“There has been a notable decrease in the number of our Russian and Ukrainian guests following the fires. They have left the hotel,” said Sahin Sevgin, an employee from a five-star facility located near the Mediterranean resort town of Manavgat, the worst-hit area.
“We were expecting a much better season this year, but wildfires disrupted our plans,” he added.
Last year, Turkey’s tourism sector was hit hard by the COVID-19 pandemic. Arrivals dropped by 69 percent from 2019 to 2020, and revenues fell from 34.5 billion to 21.2 billion U.S. dollars. Turkey expects 20 billion U.S. dollars in tourism revenues in 2021. ■
Photos- A forest fire rages near Manavgat in Antalya province, Turkey, on Aug. 3, 2021. (Xinhua)