Europe
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ဘိန်းဖြူ ၁တန်ကျော် ဖမ်းဆီးရမိ
အန်ကာရာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အရှေ့ပိုင်း Erzincan ပြည်နယ် တွင် တူရကီနိုင်ငံ ရဲတပ်ဖွဲ့သည် ဘိန်းဖြူ တစ်တန်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး က ဒီဇင်ဘာ ၅ရက်တွင်ပြောကြားခဲ့သည်။
ကုန်တင်ကားကြီးတစ်စီးပေါ်ရှိ အေးခဲတိရစ္ဆာန်အဆီများအတွင်း သိုဝှက်၍ သယ်ဆောင်လာသော ဘိန်းဖြူစုစုပေါင်း တစ်တန် နှင့် ၂၇၁ကီလိုဂရမ် ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Erzincan ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။
အစ္စတန်ဘူလ်မြို့ မှ အရှေ့ပိုင်း ဗန်ပြည်နယ်သို့ သွားရာလမ်းမပေါ်တွင် အဆိုပါ ကုန်တင်ကား အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တားဆီးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။
ယင်းစစ်ဆင်ရေးအတွင်း ကုန်တင်ကားအထဲ၌ သံသယရှိသူ ၃ဦးကို မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၂၀၁၈ခုနှစ် ပထမ ၉လအတွင်း တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေး ၁၀၈,၁၀၅ခုကျော်လုပ်ဆောင်ခဲ့ပြီး တူရကီငွေကြေး ၂.၈၃ဘီလီယံ လီရာ (အမေရိကန်ဒေါ်လာ ၄၆၇ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ (Xinhua)