Europe
ယူကရိန်းနိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု၌ တိုးမြှင့်ဆောင်ရွက်သွားမည်
ကိယက်ဗ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)
ယူကရိန်းနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းနိုင်ငံ အခြေခံအဆောက်အအုံရေးရာ ဝန်ကြီးဌာန ဝန်ကြီး Volodymyr Omelyanက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အဆိုပြုချက်ကို အစောဆုံးထောက်ခံခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယူကရိန်း၏ ရည်ရွယ်ချက်သည် ဥရောပအာရှ ကုန်ပစ္စည်းသယ်ယူပို့ဆောင် ရေးတွင် အဓိကကျသည့်ကွင်းဆက်ဖြစ်လိုကြောင်း ၊ ထို့ကြောင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း Volodymyr Omelyanက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ယူကရိန်းသည် ၂၀၃၀ ခုနှစ် မတိုင်မီ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင် ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ အသုံးပြုသွားမည်ဖြစ်ပြီး ကားလမ်း၊ ရထားလမ်းနှင့်ဆိပ်ကမ်းတည်ဆောက်မှုများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)