Connect with us

Europe

ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာဒီမာပူတင်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုစကားဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာဒီမာပူတင် (Vladimir Putin) ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား မတ်လ ၁၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း ရုရှားနိုင်ငံသားများသည် ခိုင်မာတောင့်တင်းသော နိုင်ငံ၏ လမ်းကြောင်း တစ်ခုတည်းဖြင့် ပေါင်းစည်းမှုရှိခဲ့ကြောင်း၊ အားသစ်လောင်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအား နားလည်သဘောပေါက်ခဲ့ကြောင်း၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် မှတ်ချက်ပြုလောက်ဖွယ် အောင်မြင်မှုများ စွမ်းဆောင်ခဲ့ပါကြောင်းနှင့် နိုင်ငံတကာ အရေးကိစ္စများ၌လည်း အရေးပါပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း ရှီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ဂုဏ်ကျက်သရေအသစ်များ ဖန်တီးနိုင်မှုအား ထိန်းသိမ်းနိုင်မည်ဟု အသေအချာ ယုံကြည်ပါကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီက ဖော်ပြခဲ့သည်။

လက်ရှိတွင် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံး အဆင့်တွင် ရှိနေကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ တရုတ်-ရုရှား ဆက်ဆံရေးအား မြင့်မားသောအဆင့်ဖြင့် ထိန်းသိမ်းထားရန်၊ နှစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်ရာတွင် အထောက်အပံ့ပေးနိုင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအား မြှင့်တင်ရန် ဆန္ဒရှိကြောင်း ရှီ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.