Connect with us

Europe

ရုရှားနိုင်ငံ အရှေ့ဘက်အစွန်ဆုံး ဒေသ၌ တောမီးများ လောင်ကျွမ်း

ရုရှားတွင် တောမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဗလာဒီဗော့စတော့ခ်၊ ရုရှား၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးဒေသ၌ ၂၄ နာရီအတွင်း တောမီးလောင်ကျွမ်းမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သစ်တော ဟက်တာ ၁,၄၀၀ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ သစ်တောဋ္ဌာနက ဇူလိုင်လ ၆ ရက်က ပြောကြား လိုက်သည်။

Yakutsk, Magadan နှင့် Khabarovsk စသည့် ဒေသများ၌လည်း တောမီးများ လောင်ကျွမ်းခဲ့ပြီး Chukotka ဒေသမှာမူ အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် မီးသတ်သမား ၅၀၀ ခန့်၊ ကိရိယာ ၄၀ ခန့်နှင့် လေယာဉ် ၁၀ စင်း ပါဝင်ခဲ့ကြောင်း ဒေသန ္တရ အစိုးရက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ရုရှားအရှေ့ဖျား ဒေသ၌ တောမီးလောင်ကျွမ်းမှု ၁,၀၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ယခင်နှစ် အလားတူ ကာလတွင် ဖြစ်ပွားခဲ့သည့် ၅၇၄.၁ ဟက်တာ တောမီးလောင်ကျွမ်းမှုထက် ကျော်လွန်သွားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ပိုမို ပူပြင်းလာသည့် နွေရာသီနှင့် ဆက်စပ်လျက် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၌ တောမီး လောင်ကျွမ်းနိုင်မည့် အခြေအနေအား တွန်းပို့ပေးနေသလို ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.