Europe
ရုရှား နိုင်ငံ နှင့် အစ္စရေး နိုင်ငံ ခေါင်းဆောင် တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ နှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ဆွေးနွေး
ပေကျင်း ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu တို့က ဇူလိုင်လ ၁၁ ရက်နေ့ ၌ မော်စကို မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ နှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
တွေ့ဆုံ ဆွေးနွေးမှု အတွင်း ရုရှား နိုင်ငံ သမ္မတ ပူတင် က ရုရှား နိုင်ငံ နှင့် အစ္စရေး နိုင်ငံ အကြား ဆက်ဆံရေး မှာ အဓိက အားဖြင့် တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ စီးပွားရေး နှင့် နိုင်ငံရေး ကဏ္ဍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တည်ရှိကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် လူမှုရေး ကဏ္ဍ တို့တွင်လည်း ကောင်းမွန်သည့် ဆက်ဆံရေး တည်ရှိနေသည် ဟု ပြောကြားခဲ့ကြောင်း ကရင်မလင် နန်းတော် သတင်း ဝက်ဘ်ဆိုက် ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
Benjamin Netanyahu က အစ္စရေး နှင့် ရုရှား နိုင်ငံ တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့အလယ်ပိုင်း ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လွန်စွာ အရေးပါကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် အဓိက အလေးထား စောင့်ကြည့်နေသည် မှာ ဆီးရီးယား အခြေအနေ နှင့် အီရန် နိုင်ငံ တို့ ဖြစ်ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ နံနက် အစောပိုင်း တွင် အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ မှ အစ္စရေး နိုင်ငံ နယ်နိမိတ် အတွင်း သို့ ဝင်ရောက် လာသည့် မောင်းသူမဲ့ လေယာဉ် တစ်စင်း ကို ပစ်ချ ခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ အချုပ်အခြာ အာဏာ နယ်နိမိတ် ကို ကျူးလွန်ရန် ကြံစည်မှုများ ကို ပြင်းထန်စွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အစ္စရေး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် ၏ ယခု အကြိမ် ရုရှား နိုင်ငံ သို့ သွားရောက်ခြင်း သည် ယခု နှစ် အတွင်း တတိယ အကြိမ်မြောက် ရုရှား နိုင်ငံ သို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)