Europe
ရုရှား နိုင်ငံ သမ္မတ က ဂျော်ဂျီယာ နိုင်ငံ နှင့် ဆက်ဆံရေး ရှုပ်ထွေးစေမည့် ဆုံးဖြတ်ချက် ချမှတ်မည် မဟုတ်ကြောင်း ပြောကြား
မော်စကို ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ သမ္မတ ပူတင် က မိမိ အနေဖြင့် ရုရှား နှင့် ဂျော်ဂျီယာ နှစ်နိုင်ငံ ဆက်ဆံရေး အား ရှုပ်ထွေးစေမည့် မည်သည့် ဆုံးဖြတ်ချက် ကို မှ ချမှတ် မည် မဟုတ်ကြောင်း ဇူလိုင် ၉ ရက် ၌ ပြောကြား ခဲ့သည်။
ရုရှား နိုင်ငံ သမ္မတ က ဂျော်ဂျီယာ နိုင်ငံ ပြည်သူလူထု အပေါ် လေးစားမှု ထားရှိခြင်း နှင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေး အား ပြန်လည် ပြုပြင်မွမ်းမံ လိုခြင်း တို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အား ရှုပ်ထွေးစေမည့် ဆုံးဖြတ်ချက်မျိုး ချမှတ်မည် မဟုတ်ဟု ပြောကြား ခဲ့ကြောင်း ရုရှား နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက် အရ သိရှိရသည်။
ရုရှား နိုင်ငံ အောက်လွှတ်တော် က ဇူလိုင်လ ၉ ရက် နံနက်ပိုင်း အချိန်တွင် ဂျော်ဂျီယာ နိုင်ငံ တွင် လတ်တလော ကာလ အတွင်း ရုရှား နိုင်ငံ အား ဆန့်ကျင်သည့် ရန်လိုမှုမျိုး ဆောင်ရွက်ခြင်း ကို တွေ့ရှိရသဖြင့် ရုရှား နိုင်ငံ အစိုးရ မှ ဂျော်ဂျီယာ နိုင်ငံ အား စီးပွားရေး အရ အထူး အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ရန် အကြံပြုကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ရုရှား နိုင်ငံ အောက်လွှတ်တော် အမတ် တစ်ဦး က ဇွန်လ ၂၀ ရက် တွင် ဂျော်ဂျီယာ လွှတ်တော် ၌ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ခု တွင် ဂျော်ဂျီယာ လွှတ်တော် ဥက္ကဋ္ဌ ထိုင်ခုံ တွင် နေရာယူ၍ မိန့်ခွန်း ပြောကြား ခဲ့ခြင်းကြောင့် ဂျော်ဂျီယာ နိုင်ငံ အတိုက်အခံ ပါတီ နှင့် ဒေသခံ ပြည်သူလူထု တို့ ၏ ဆန့်ကျင်ကန့်ကွက်မှု ကို ခံခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် က ဇွန်လ ၂၁ ရက် ၌ ဇူလိုင်လ ၈ ရက် မှ စတင် ၍ ရုရှား နိုင်ငံ လေကြောင်းလိုင်းများ ဂျော်ဂျီယာ နိုင်ငံ သို့ မပျံသန်းရန် အမိန့် ထုတ်ပြန်ခဲ့ကြောင်း ၊ ဇွန်လ ၂၂ ရက် တွင် ရုရှား နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ဇူလိုင်လ ၈ ရက် မှ စတင်၍ ဂျော်ဂျီယာ နိုင်ငံ လေကြောင်း ကုမ္ပဏီ မှ လေယာဉ် များ ရုရှား နိုင်ငံ အတွင်းသို့ ဝင်ရောက်ခြင်း အား ပိတ်ပင်သွားမည် ဟု ကြေညာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)