Connect with us

Europe

ရုရှား နိုင်ငံ အစိုးရ အရာရှိ က အီရန် နိုင်ငံ နှင့် ဆောင်ရွက်နေသည့် ရေနံ နှင့် ကုန်စည် လည်းလှယ်မှု သဘောတူညီချက် ကို ကာလ တိုးမြှင့်လိုကြောင်း ပြောကြား

ရုရှား နိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး Alexander Novak အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး Alexander Novak က ဇူလိုင် ၁၃ ရက် ၌ ရုရှား နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် ဆောင်ရွက်နေသည့် ရေနံ နှင့် ကုန်စည် လည်းလဲမှု သဘောတူညီချက် ကို ကာလ တိုးမြှင့်လိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး Alexander Novak က ရုရှား နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ မှ ရုရှား နိုင်ငံ ၏ ကုန်စည် နှင့် ဝန်ဆောင်မှု ကို ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးလိုပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ ကို တိုးမြှင့် စေရန် နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ယခု နှစ် မေ လ ၈ ရက် ၌ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ကြောင်း နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ပြန်လည်ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အတွင်း အီရန် နိုင်ငံ ရေနံထုတ်လုပ်ရေး လုပ်ငန်း များ နှင့် ပတ်သက်သည့် ပိတ်ဆို့မှုများ မှာ ယခု နှစ် နိုဝင်ဘာလ တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ တွင် ရုရှား နိုင်ငံ နှင့် အီရန် နိုင်ငံ တို့ က သက်တမ်း ၅ နှစ် ရှိသည့် နှစ်နိုင်ငံ အစိုးရ အကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနားလည်မှု စာချွန်လွှာ ကို စီးပွားရေး နယ်ပယ်တွင် ရေနံ နှင့် ကုန်စည် လည်းလဲရေး သဘောတူညီချက် ဟု ခေါ်ဆိုခဲ့ကြပြီး ရုရှား နိုင်ငံ မှ Strong Currency ဖြင့် အီရန် နိုင်ငံ မှ ရေနံများ ကို ဝယ်ယူခဲ့ပြီး အီရန် နိုင်ငံ ယင်းငွေ ဖြင့် ရုရှား နိုင်ငံ ထုတ် ကုန်ပစ္စည်းများကို ပြန်လည် ဝယ်ယူ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.