Europe
ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ပူးတွဲဆွတ်ခူး
စတော့ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို လေဆာရူပဗေဒနယ်ပယ်၌ လုပ်ကိုင်နေသည့် သိပ္ပံပညာရှင် ၃ ဦးက ဆွတ်ခူးရရှိသွားကြောင်း Royal Swedish Academy of Sciences က အောက်တိုဘာလ ၂ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ ဆုကို “လေဆာရူပဗေဒနယ်ပယ်တွင် ရှေ့ဆောင်တီထွင်မှုများအတွက်” ချီးမြှင့်ခြင်းခံရကြောင်း၊ Arthur Ashkin ၊ Gerard Mourou နှင့် Donna Strickland တို့က ဆွတ်ခူးသွားခဲ့ကြောင်း Academy က ပြောကြားခဲ့သည်။ (Xinhua)