Connect with us

Europe

ဝေလမင်းသား နှင့်ကြင်ယာတော် တို့ နိုဝင်ဘာလတွင် နယူးဇီလန်နိုင်ငံသို့ အလည်အပတ် သွားရောက်မည်

ဝေလမင်းသားနှင့် ကြင်ယာတော်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဝယ်လ်လင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဝေလမင်းသားနှင့်ကြင်ယာတော်တို့ နိုဝင်ဘာလ တွင် နယူးဇီလန်နိုင်ငံသို့လာရောက်မည်ကို ကြိုဆိုကြောင်း နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က ဇူလိုင် ၂၆ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တော်ဝင်စုံတွဲအနေဖြင့် နယူးဇီလန်နိုင်ငံကို တတိယအကြိမ် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။ မင်းသားနှင့် ကြင်ယာတော်တို့သည် နယူးဇီလန်နိုင်ငံကို ၂၀၁၂ ခုနှစ် ဘုရင်မကြီး စိန်ရတုအထိမ်းအမှတ် ပွဲသို့သွားရောက်ခဲ့ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာ တွင်ထပ်မံသွားရောက်ခဲ့သည်။ “တော်ဝင်စုံတွဲက အရင်အခေါက်တွေ လည်ပတ်ခဲ့တုန်းက နယူးဇီလန်နိုင်ငံရဲ့နွေးထွေးစွာဧည့်ဝတ်ကျေပွန်မှု နှင့် ချစ်ခြင်းတရား ကို အရမ်းပျော်ရွှင်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်’’ ဟု Ardern ၏ ကြေညာချက်တွင်ပါရှိသည်။

ဝေလမင်းသားသည် သဘာဝပတ်ဝန်းကျင်ကို နှစ်ပေါင်းများစွာတည်တန့်နိုင်ရန်အတွက် ပတ်ဝန်းကျင်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းရာတွင် လေးနက်စွာထောက်ခံအားပေးသူဖြစ်သည်။ ယခုခရီးစဉ်သည် မင်းသားအတွက် ထိုကိစ္စ နှင့် ပတ်သက်၍ နယူးဇီလန်နိုင်ငံသားများ နှင့် ထိတွေ့နိုင်ရန် နှင့် နယူးဇီလန်နိုင်ငံ အနေဖြင့် အနာဂတ်အတွက်အသင့်ပြင်ဆင်နိုင်မည့်အခွင့်အလမ်းများကို ပံ့ပိုးနိုင်လိမ့်မည် ဟု ၎င်းကဆိုသည်။ မင်းသားနှင့်ကြင်ယာတော်တို့ ခရီးစဉ် နီးကပ်လာသည့်အချိန် တွင် နောက်ထပ်အချက်အလက်အသေးစိတ်အား ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.