Connect with us

Europe

အိုလံပစ် ဖွင့်ပွဲနှင့် အခမ်းအနား အတွက် လက်မှတ်အသစ်များ ရောင်းချသွားမည်

ရီယို ၂၀၁၆ အိုလံပစ် ဖွင့်ပွဲ လက်မှတ်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ရီယို ၂၀၁၆ အိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများ အတွက် လက်မှတ် အသစ်များ ထုတ်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဇူလိုင်လ ၁ ရက်က ပြောကြားခဲ့သည်။

အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲနှင့် ရက်ဂဘီ ဘောလုံး ဖိုင်နယ် ပွဲစဉ်များအတွက် ဝင်ခွင့်လက်မှတ် များအား ပရိသတ်များက ရီယို ၂၀၁၆ ဝက်ဘ်ဆိုဒ် သို့မဟုတ် ဈေးဝယ်စင်တာများ မှတဆင့် ရောင်းချလျက် ရှိသည်။
ဖွင့်ပွဲ လက်မှတ်များအား အမေရိကန် ဒေါ်လာ ၆၀ ဝန်းကျင်ဖြင့် စတင်ရောင်းချမည် ဖြစ်ပြီး ဈေးအကြီးဆုံး ထိုင်ခုံက အမေရိကန် ဒေါ်လာ ၁,၄၀၀ ကျော် အထိရှိမည် ဖြစ်သည်။ ပိတ်ပွဲ အခမ်းအနားအတွက် လက်မှတ် တစ်စောင်အား အမေရိကန် ဒေါ်လာ ၆၀ မှ ၉၀၀ အထိ ရောင်းချမည် ဖြစ်သည်။
ဘော်လီဘော ဖိုင်နယ် ပွဲစဉ်အတွက် လက်မှတ် တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၈၀ မှ ၃၇၀ ဖြင့် လည်းကောင်း၊ ရက်ဂဘီ ရွှေတံဆိပ်ဆု ပြိုင်ပွဲအတွက် လက်မှတ်များကိုမူ အမေရိကန် ဒေါ်လာ ၄၀ မှ ၉၀ အတွင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ရီယို ၂၀၁၆ ပွဲစဉ်များအား တောင်အမေရိကတိုက်၌ ပထမဆုံး အကြိမ်အဖြစ် သြဂုတ်လ ၅ ရက်မှ ၂၁ ရက် အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.