Connect with us

Europe

အောင်မြင်မှု ထိန်းသိမ်းထားနိုင်ခဲ့သော ဟယ်ရီပေါ်တာ နှစ် ၂၀ ပြည့်ပြီ

ဗြိတိန်ရှိ စာအုပ်ဆိုင် တစ်ဆိုင်တွင် ဟယ်ရီပေါ်တာ စာအုပ်များ ခင်းကျင်းပြသထားစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

စာရေးဆရာမ ဂျေကေ ရိုးလင်း ရေးသားလိုက်ပြီး ကမ္ဘာတစ်ဝန်းက စာဖတ်သူတွေကို ဖမ်းစားခဲ့တဲ့ မှော်ဆရာလေး ဟယ်ရီပေါ်တာရဲ့ အောင်မြင်မှုဟာ နှစ်ပေါင်း နှစ်ဆယ်ရှိခဲ့ပါပြီ။

ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် ဟယ်ရီပေါ်တာနှင့် ပရောဖက်ဆာ စတုန်းတို့၏ နောက်ဆက်တွဲ ဇာတ်လမ်းတွေမှာ မှော်ဆန်မှုများ မတွေ့ရတော့ပေ။

ဟယ်ရီပေါ်တာနှင့် သူငယ်ချင်းများကို မှော်ဆန်မှုတွေအစား ရုပ်ရှင်များ၊ ပြဇာတ်၊ အပန်းဖြေ ဥယျာဉ်များနှင့် နာမည်ကြီး ကုန်ပစ္စည်းများတွင် ပြောင်းလဲ ရောက်ရှိလာကာ ဝင်ငွေ သန်းပေါင်းများစွာ ရရှိနေကြပြီ ဖြစ်သည်။

လန်ဒန်မှ အင်္ဂလန်မြောက်ပိုင်းအကြား ရထားခရီးစဉ်သွားခဲ့ပြီးနောက် ဂျိုအန်းရိုးလင်း (Joanne Rowling) က စိတ်ကူးကွန့်မြူးကာ မှော်ဆရာလေး ဟယ်ရီပေါ်တာရဲ့ ဇာတ်လမ်း စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဇာတ်လမ်းကို ထုတ်ဝေသူပေါင်းများစွာ ငြင်းပယ်ခြင်းခံရပြီးနောက် ၁၉၉၇ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် စာအုပ် ရာပေါင်းများစွာ ထုတ်ဝေခဲ့သည်။

ယင်း စာအုပ်အတွက် ငွေကြေး အခက်အခဲပေါင်းများစွာ ရိုးလင်း ရင်ဆိုင်ခဲ့သော်လည်းပဲ စာအုပ် အောင်မြင်ပြီးနောက်မှာတော့ ရိုးလင်းဟာ သန်းကြွယ် သူဋ္ဌေး ဖြစ်လာခဲ့သည်။

ဟယ်ရီပေါ်တာ စာအုပ် ၇ အုပ်ကို ကမ္ဘာ့အနှံ့ အုပ်ရေပေါင်း သန်း ၅၀၀ ခန့် ဘာသာပြန် ထုတ်ဝေ ရောင်းချခဲ့ရသည်။ ကလေးငယ် မှအစ လူကြီး လူငယ်များအထိ ကြိုက်နှစ်သက်ခဲ့သည်။

ထို့ပြင် ဟယ်ရီပေါ်တာ စာအုပ်များနှင့် ရုပ်ရှင်များတွင် ပါဝင်ခဲ့သည့် နေရာများသို့ လူအများ သွားရောက်ကာ ခရီးသွားလုပ်ငန်းသစ် တစ်ခုအဖြစ်လည်း ဖန်တီးပေးနိုင်ခဲ့သည်။

ဟော့ဒ်ဝပ် အဝေးပြေးရထားနှင့်အတူ ဟော့ဒ်ဝပ် မှော်ကျောင်းတော်ကို သွားရောက်မည့် ဟယ်ရီပေါ်တာနှင့် အတန်းဖော်များ အပါအဝင် ကျောင်းသူ ကျောင်းသားများ ထွက်ခွာသွားခဲ့သော London King’s Cross Station ရှိ ပလက်ဖောင်းအမှတ် ၉ ၃/၄ ကို လူအများက ရှာဖွေခဲ့ကြဖူးသည်ဟု ဆိုသည်။

ဟယ်ရီပေါ်တာ နှစ်နှစ်ဆယ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ဟယ်ရီပေါ်တာ ဖန်တီးရှင် ရိုးလင်းက ၎င်း၏ လူမှု မီဒီယာပေါ်၌ “နှစ်နှစ်ဆယ်ပြည့်ခဲ့တဲ့ ဒီနေ့မှာတော့ ကျွန်မ တစ်ကိုယ်တည်းရှိနေရာက ရုတ်တရက် ပွင့်လင်းလာသလိုပါပဲ၊ အံ့သြဖွယ်ရာပါပဲ၊ ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.