Europe
၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များ
၁.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ်
ရုရှား ၁ – ၁ စပိန်
(၄၁’ပယ်နယ်တီ) (၁၂’)
၄- ၃
(ပယ်နယ်တီ)
FIFA အဆင့်သတ်မှတ်ချက် ကွာခြားလွန်းလှသောပြိုင်ဘက်နှစ်သင်း၏ပွဲကရင်တမမရှိလှပြီး ယခုနှစ်ကမ္ဘာ့ဖလား၏ပထမဆုံးအချိန်ပိုကစားရသောပွဲဖြစ်ခဲ့သည်။ပထမပိုင်းတွင်တစ်ဂိုးစီသရေဖြစ်နေပြီးဒုတိယပိုင်း၌ စပိန်အသင်း ကပိုမိုဖိကစားနိုင်ခဲ့သော်လည်း ရုရှားအသင်း၏ ခိုင်မာသောခံစစ်ကြောင့်အနိုင်ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပိုကစားခဲ့ရသည်။အချိန်ပိုတွင်လည်းရုရှားဂိုးသမားနှင့် နောက်တန်း၏ကာကွယ်နိုင်မှုကြောင့် စပိန် အသင်းမှာရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။
ပယ်နယ်တီအဆုံးအဖြတ်တွင် ရုရှားအသင်းက ၄-၃ ဖြင့်နိုင်ကာ ကွာတားဖိုင်နယ်တက်သွားခဲ့သည်။
ကွာတားဖိုင်နယ်ရောက်ရှိသွားခဲ့သောရုရှားအသင်းက ခရိုအေးရှားနှင့် ဒိန်းမတ် ပွဲတွင် နိုင်သောအသင်းနှင့် ဇူလိုင် ၇ ရက်တွင်ကစားရမည်ဖြစ်သည်။