Europe
၂၀၁၈ ခုနှစ် ဇီဝကမ္မဗေဒနှင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင် နှစ်ဦးပူးတွဲရရှိ

စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင် နှစ်ဦးက ပူးတွဲ ရရှိသွားခဲ့ကြောင်း နိုဘယ်ဆု ကျင်းပရေးကော်မတီက အောက်တိုဘာလ ၁ ရက်တွင် ကြေညာလိုက်သည်။
ကင်ဆာကုထုံးသစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် James P. Allison နှင့် Tasuku Honjo တို့ အား ၂၀၁၈ ခုနှစ် ဇီဝကမ္မဗေဒနှင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲပေးအပ်ရန် Karolinska တက္ကသိုလ်ရှိ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)