Europe
ပထမဆုံး ရုရှားဘာသာစကားပြော AI သတင်းကြေညာသူအား ရုရှားနိုင်ငံတွင် ဆင်ဟွာနှင့် TASS တို့ ပူးတွဲမိတ်ဆက်

မော်စကို၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ပထမဆုံး ရုရှားဘာသာစကားပြော ဉာဏ်ရည်တု (Artificial Intelligence = AI) သတင်းကြေညာသူအား ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် TASS ညွှန်ကြားရေးမှူးချုပ် ဆာဂျီ မီခီလာ့ဗ် (Sergei Mikhailov) တို့က ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ဇွန်လ ၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ AI သတင်းကြေညာသူအား တရုတ်နိုင်ငံမှ ဆင်ဟွာသတင်းအေဂျင်စီနှင့် TASS ရုရှားသတင်းအေဂျင်စီတို့သည် တရုတ်နှင့်ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်လ ၇ ရက်က ပူးတွဲပြသခဲ့ခြင်းဖြစ်သည်။ (Xinhua)