Connect with us

Europe

Brexitသဘောတူညီချက်ကို ဥရောပသမဂ္ဂနှင့်ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဆို


လန်ဒန်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

လွှတ်တော်ကပယ်ချခဲ့သည် Brexitသဘောတူညီချက်ကို ဗြိတိန်ပြည်တွင်း ပါတီအချို့နှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ ဆက်လက်ပြီး ဥရောပသမဂ္ဂနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ (DUP)အပါအဝင် အချို့ပါတီများနှင့် အိုင်ယာလန် နယ်စပ်ရေးရာ ပြဿနာကို ဆွေးနွေးခဲ့သည်ဟု ထရီဇာမေက ဇန်နဝါရီ ၂၁ ရက် ဗြိတိန် အောက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်တွင် လွှတ်တော်သို့သွားရောက်မည့် ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေအား တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၂၁ ရက်တွင် လွှတ်တော်သို့သွားရောက်မည့် ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေအား တွေ့ရစဉ်(ဆင်ဟွာ)

Brexitသဘောတူညီချက်ကို ရွှေ့ဆိုင်းရန် အဆိုပြုချက်ကို လွှတ်တော်က သဘောတူမည်ဟု မထင် ကြောင်း၊ သို့သော်လည်း Brexitကို ဖျက်သိမ်းရန်မှာ ၂၀၁၆ ခုနှစ် တစ်နိုင်ငံလုံးမဲခွဲဆုံးဖြတ်မှုရလဒ်နှင့် ကိုက်ညီမှုမရှိဖြစ်နေကြောင်း ထရီဇာမေက ဆိုသည်။

ဗြိတိန်နှင့်ဥရောပသမဂ္ဂအကြား ညှိနှိုင်းထားသည့် Brexitသဘောတူညီချက်ကို အောက်လွှတ်တော်က ယခုလ ၁၅ ရက်တွင် ပယ်ချခဲ့ကြောင်း ၊ မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ (DUP)အစရှိသည့် ပါတီများက ကန့်ကွက်မဲပေးခဲ့ကြကြောင်း သိရသည်။

ယခင်သဘောတူညီချက်အရ ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်ရ မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.