Connect with us

Europe

G20 ရှီ နှင့် ထရမ့် တွေ့ဆုံ၊ အရေးပါသော ကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဟမ်းဘတ်၊ ဂျာမနီ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည်ဇူလိုင်လ ၈ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ G20 ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်အတွင်း သီးသန့်တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-အမေရိကန် ဆက်ဆံရေးမှာ တည်ငြိမ်ခြင်းနှင့် ချမ်းသာဝပြောခြင်းကို ချိတ်ဆက်ပေးကြောင်း ……၊ အမျိုးမျိုးသော ပဋိပက္ခများဖြင့် ခက်ခဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးရှိ နိုင်ငံတကာ အသိုက်အဝန်းနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားများအဖြစ် ထမ်းဆောင်ပေးခြင်းလည်း ဖြစ်ကြောင်း တရုတ် သမ္မတ ရှီက ပြောသည်။

အမေရိကန်တွင် ကျင်းပခဲ့သည့် မာ-အာ-လာဂို အစည်းအဝေး၌ နယ်ပယ်များစွာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ် အသစ်များ ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတကာ အရေးကိစ္စများ၌ ထိန်းချုပ်ကိုင်တွယ်ကာ ညှိနှိုင်းဆောင်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးကို အတူတကွ ထိန်းသိမ်းသွားကြရန် ထရမ့်အား ရှီက တိုက်တွန်းခဲ့သည်။

ထို့ပြင် ရှီက နှစ်နိုင်ငံလုံးအနေဖြင့် အပြန်အလှန် ရိုသေလေးစားမှုနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိမှုကို စွဲစွဲမြဲမြဲ လုပ်ဆောင်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်ရန် ထိန်းသိမ်းသွားရန် တိုက်တွန်းခဲ့သည်။အမေရိကန်နိုင်ငံ သမ္မတ ထရမ့်ကလည်း တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အံ့ဖွယ်ကောင်းသော ဆက်ဆံရေး တည်ရှိမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဘုံ ပြဿနာရပ်များအား တရုတ်နှင့်အတူ အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်အနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ရှီနှင့် ထရမ့်တို့သည် ဧပြီလက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မာ-အာ-လာဂိုအပန်းဖြေအိမ်တော်၌ အမေရိကန် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံချိန် ၇ နာရီအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကောင်းစွာ နားလည်မှု ရရှိခဲ့ကြောင်း၊ အပြန်အလှန် ယုံကြည်မှုများ ရှိခဲ့သလို အဓိက ကိစ္စရပ်များစွာတွင် သဘောတူညီချက်များ ရရှိခဲ့ကြောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုအား တည်ထောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.