Europe
ရုရှားလက်နက်ကိုင်တပ်ဖွဲ့က လူမဲ့စနစ်တပ်ဖွဲ့ ဖွဲ့စည်း
မော်စကို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရုရှားလက်နက်ကိုင်တပ်ဖွဲ့သည် လူမဲ့စနစ်တပ်ဖွဲ့အား တရားဝင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ Komsomolskaya Pravda သတင်းစာ၏ လတ်တလောသတင်းဖော်ပြချက်အရ သိရသည်။အသစ်ဖွဲ့စည်းထားသော လူမဲ့စနစ်တပ်ဖွဲ့၏ ဒုတိယတပ်ဖွဲ့မှူး Sergey Ishtuganov က အဆိုပါသတင်းစာ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ လူမဲ့စနစ်တပ်ဖွဲ့၏ စစ်ဆင်ရေးလှုပ်ရှားမှုသည် တစ်ပြေးညီအစီအစဉ်အရ လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားသောတပ်ဖွဲ့များနှင့် ညှိနှိုင်းလှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ အဆိုပါတပ်ဖွဲ့၌ မောင်းသူမဲ့ဒရုန်းများအပြင် မြေပြင်နှင့် ပင်လယ်ရေပြင်လူမဲ့စနစ်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
“ကျွန်တော်တို့အခု လက်တွေ့လုပ်ဆောင်သူ၊ အင်ဂျင်နီယာ၊ နည်းပညာဝန်ထမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အာမခံဝန်ထမ်းတွေကို ဖြည့်စွက်နေပါတယ်” ဟု Sergey Ishtuganov က ပြောကြားခဲ့သည်။ ထို့အပြင် လူမဲ့စနစ်တပ်ဖွဲ့အတွက် သီးသန့်ထူထောင်မည့် အဆင့်မြင့်စစ်ရေးသင်တန်းကျောင်း တည်ဆောက်မှုလုပ်ငန်းကိုလည်း လုပ်ဆောင်ဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Andrey Belousov က ကာကွယ်ရေးဝန်ကြီးဌာန တိုးချဲ့ခြင်းအစည်းအဝေး၌ ရုရှားနိုင်ငံ သမ္မတ ပူတင်၏ သက်ဆိုင်ရာညွှန်ကြားချက်အရ လူမဲ့စနစ်တပ်ဖွဲ့ ဟူသည့် တပ်ဖွဲ့အမျိုးအစားအသစ်တစ်မျိုး ဖွဲ့စည်းရန် အကြံပြုခဲ့ကြောင်း၊ ဖွဲ့စည်းသည့်လုပ်ငန်းအစီအစဉ်သည် အစောဆုံး ၂၀၂၅ ခုနှစ် တတိယသုံးလပတ်၌ ပြီးစီးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————————
(Chinese Version)
俄罗斯武装力量组建无人系统部队
新华社莫斯科11月13日电(记者黄河)据俄罗斯《共青团真理报》近日报道,俄罗斯武装力量已正式组建无人系统部队。
报道说,新组建的无人系统部队副司令谢尔盖·伊什图加诺夫在接受该报采访时表示,无人系统部队作战行动按统一计划执行,并与其他部队协调行动。该部队装备除无人机外,还包括地面和海上无人系统。
伊什图加诺夫说,“我们正在补充操作员、工程师、技术人员和后勤保障人员”。此外,专为无人系统部队设立的高等军事院校的建设工作也在进行中。
2024年12月16日,俄罗斯国防部长别洛乌索夫在国防部扩大会议上表示,根据俄罗斯总统普京相关指示,建议组建无人系统部队这一新军种。组建工作计划将最早在2025年第三季度完成。(完)
图说:11月7日,在俄罗斯首都莫斯科,人们在以纪念1941年苏联红场阅兵式为主题的露天展览上拍照。新华社发(亚历山大摄)
