Europe
နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ သမိုင်းဖြစ်ရပ်မှန်ကို ငြင်းပယ်၍မရ ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆို
ဗလာဒီဗော့စတော့ခ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ သမိုင်းဖြစ်ရပ်မှန်ကို ငြင်းပယ်၍မရ ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဒီဇင်ဘာ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဒီဇင်ဘာ ၁၃ ရက်သည် နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် နိုင်ငံတော်အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ဖြစ်သည်။ နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံမှုနှင့်စပ်လျဉ်း၍ Maria Zakharova က အဆိုပါဖြစ်ရပ်တွင် အရပ်သားပြည်သူပေါင်းသိန်းချီ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ လူအများကိုတုန်လှုပ်စေသည့် ယင်းဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်သည် နိုင်ငံအသီးသီးပြည်သူများ၏ အတိတ်အမှတ်တရထဲတွင် ရာသက်ပန် စွဲထင်ကျန်ရစ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ သမိုင်းဖြစ်ရပ်မှန်ကို ငြင်းပယ်၍မရဘဲ အရှေ့ဖျား နိုင်ငံတကာစစ်ရေးတရားရုံးနှင့် နန်ကျင်း စစ်ရာဇဝတ်သားများအား စီရင်သော စစ်ရေးခုံရုံးတို့က စီရင်ဆုံးဖြတ်ချက်များက တရားဥပဒေအဆင့်တွင် အတည်ပြုထားပြီးဖြစ်ကြောင်း၊ အထက်ပါ စီရင်ဆုံးဖြတ်ချက်များနှင့် နူရင်ဘာ့ဂ် ရုံးတင်စစ်ဆေးမှု၏ စီရင်ဆုံးဖြတ်ချက်တို့သည် စစ်ပွဲအလွန် ကမ္ဘာ့စည်းစနစ်နှင့် ယနေ့ခေတ် နိုင်ငံတကာစည်းစနစ်၏ တုန်လှုပ်၍မရသော အခြေခံအုတ်မြစ်ဖြစ်လာကြောင်း၊ အဆိုပါစီရင်ဆုံးဖြတ်ချက်များအပေါ် သံသယရှိသော၊ နာဇီဝါဒနှင့် စစ်ဝါဒအတွက် ပြောင်းပြန်လှန်သော၊ ဒုတိယကမ္ဘာစစ်ရလဒ်အား ပြင်ဆင်သော၊ ပြစ်မှုကို မှေးမှိန်အောင် လုပ်ဆောင်သော ကြိုးပမ်းမှုမှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံး၏ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————————
俄外交部发言人:南京大屠杀的历史真相不容辩驳
新华社符拉迪沃斯托克12月12日电(记者孙萍)俄罗斯外交部发言人扎哈罗娃11日在例行记者会上说,南京大屠杀的历史真相不容辩驳。
12月13日是南京大屠杀死难者国家公祭日。扎哈罗娃在谈到南京大屠杀时说,数十万平民惨遭杀害,这场骇人听闻的悲剧将永远铭刻在各国人民的记忆中。
她说,南京大屠杀的历史真相不容辩驳,已由远东国际军事法庭和南京审判战犯军事法庭的判决在法律层面予以确立确认。上述判决和纽伦堡审判的裁决一起构成了战后世界秩序和现代国际秩序不可撼动的基石。任何质疑这些判决、为纳粹主义和军国主义翻案、篡改二战结果、淡化罪行的企图均不可接受,并将受到整个国际社会的强烈谴责。(完)
图说:11月18日,俄罗斯外交部发言人扎哈罗娃在莫斯科接受新华社记者专访。华社记者 孟菁 摄
