Europe
ယူကရိန်း-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုတွင် နယ်မြေပိုင်နက်ပြဿနာက အထူးပင်ဖြေရှင်းရန် ခက်ခဲကြောင်း ဇယ်လန်းစကီး ဆို
ဘာလင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ယူကရိန်း-အမေရိကန် နှစ်ဖက်က ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဆွေးနွေးညှိနှိုင်းမှုအတွင်း နယ်မြေပိုင်နက်ပြဿနာသည် အထူးပင်ဖြေရှင်းရန် ခက်ခဲကြောင်း၊ ဘက်အသီးသီး ရပ်တည်ချက်များက ကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ဇယ်လန်းစကီးသည် ထိုနေ့တွင် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်နှင့် သတင်းထောက်များအား အတူတွေ့ဆုံရာ၌ ယူကရိန်း-အမေရိကန် ဆွေးနွေးညှိနှိုင်းမှုအတွင်း တွေ့ကြုံနေရသည့် ပြဿနာသည် အထူးပင် ဖြေရှင်းရန်ခက်ခဲကြောင်း၊ အထူးသဖြင့် နယ်မြေပိုင်နက်ပြဿနာတွင် ဘက်အသီးသီး ရပ်တည်ချက်များ ကိုယ်စီကွဲလွဲနေကြကြောင်း၊ သို့သော် အရေးကြီးသည်မှာ ယူကရိန်းဘက်က မိမိရပ်တည်ချက်အား ပြောကြားနိုင်သည့် အခွင့်အရေးရရှိထားကြောင်း၊ အဆိုပါပြဿနာကို တရားမျှတစွာ ဖြေရှင်းမှုရရှိသင့်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း-အမေရိကန်နှစ်ဖက်က ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဂျာမနီုနိုင်ငံ ဘာလင်မြို့၌ ကျင်းပသည့် နွေရာသီ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ် အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယ်မြေပိုင်နက် တောင်းဆိုချက်သည် အမေရိကန်ဘက်မှ အဆိုပြုခြင်းမဟုတ်ဘဲ အမေရိကန်က ရုရှား၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်ကို တစ်ဆင့်ခံပြောကြားခြင်းဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့်လည်း အမေရိကန်မှတစ်ဆင့် မိမိ၏အမြင်ကို တစ်ဆင့်ခံပြောကြားခဲ့ကြောင်း ဇယ်လန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖရီးဒရစ်မက်ဇ်က ယူကရိန်း နယ်မြေပိုင်နက်ပြဿနာကို ယူကရိန်းပြည်သူများနှင့် သမ္မတကသာလျှင် ဖြေကြားနိုင်သည်ဟု ဆိုသည်။ ဥရောပ-ယူကရိန်း-အမေရိကန် သုံးဘက်လုံးက ယူကရိန်းနိုင်ငံ အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းပေးသည့် အပစ်အခတ်ရပ်စဲမှုကို ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ ဥရောပနှင့် အမေရိကန်သည် အပစ်အခတ်ရပ်စဲမှုအတွက် လက်တွေ့ကျသော တရားဥပဒေနှင့် ရုပ်ဝတ္ထုအလွှာအရ လုံခြုံရေးဆိုင်ရာ အာမခံမှုကို မဖြစ်မနေ ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ အမေရိကန်က ဘာလင်မြို့တွင် အဆိုပြုခဲ့သည့် အာမခံပေးမှု အချက်များသည် “လူအများအာရုံကို ဖမ်းစားနိုင်” ကြောင်း၊ “အလွန်အရေးကြီးတဲ့ တိုးတက်မှု” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပဘက်အနေဖြင့် ဥရောပတွင် ပိတ်ဆို့ထားသော ရုရှားပိုင်ဆိုင်မှုများဖြင့် ယူကရိန်းအား လက်နက်တပ်ဆင်မှုကို တွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း၊ ယင်းသည် “အလွန်အသေးစိတ်ကျပြီး အရေးကြီးသည့် အပိုထပ်ဆောင်း လုံခြုံရေးအာမခံချက်တစ်ခု” ဖြစ်မည်ဟု ဖရီးဒရစ်မက်ဇ်က ဆိုသည်။
ဖရီးဒရစ်မက်ဇ်က ၎င်းအနေဖြင့် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းတွင် ဇယ်လန်းစကီးနှင့် ပြင်သစ်သမ္မတ မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ စသည့် အကြီးအကဲများနှင့် အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်၊ အမေရိကန် သမ္မတ ထရမ့်၏ သားမက် ဂျရက် ကူရှ်နာ တို့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုတွင် တစ်ဆင့်တိုး တိုးတက်မှုရရှိပြီး ယူကရိန်း-အမေရိကန်-ဥရောပကြား ကွာဟမှု နီးစပ်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇယ်လန်းစကီးနှင့် စတိဗ် ဝစ်ကော့ဖ်၊ ဂျရက် ကူရှ်နာ နှင့် ယူကရိန်း၊ အမေရိကန် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် ဒီဇင်ဘာ ၁၄ ရက်တွင် ဘာလင်မြို့သို့ ရောက်ရှိခဲ့ပြီး နှစ်ဖက်က ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့သည်။ (Xinhua)
(Chinese Version)
泽连斯基:乌美谈判中领土问题尤为棘手
新华社柏林12月15日电(记者张毅荣 李超)乌克兰总统泽连斯基15日表示, 乌美双方在柏林进行的谈判中,领土问题尤为棘手,各方立场仍存分歧。
泽连斯基当天与德国总理默茨共同会见记者时说, 乌美谈判面临的问题非常棘手,尤其在领土问题上,各方立场各异。但重要的是,乌方获得阐述自身立场的机会,这一问题应得到公平解决。他说,乌美双方将继续谈判。
泽连斯基补充说,领土要求并非由美方提出、而是美方转达俄罗斯的目标和要求,乌克兰也是通过美方转达自己的观点。
默茨说,乌克兰领土问题只有乌克兰人民和总统才能回答。他说,欧乌美三方均同意,希望实现维护乌克兰主权的停火。欧美必须为停火提供实质性的、法律和物质层面的安全保障。美方在柏林提出的保障条件“令人瞩目”,“是非常重要的进展”。
默茨说,欧方正推进利用俄罗斯在欧洲冻结资产武装乌克兰,称这将是“一个非常具体和重要的额外安全保障”。
默茨宣布,15日晚,他与泽连斯基和法国总统马克龙、英国首相斯塔默、波兰总理图斯克、意大利总理梅洛尼、欧洲理事会主席科斯塔、欧盟委员会主席冯德莱恩、北约秘书长吕特等领导人以及美国总统特使威特科夫、美国总统特朗普的女婿库什纳将继续举行会谈。他希望会谈取得进一步进展,并拉近乌美欧之间的距离。
泽连斯基与威特科夫、库什纳以及乌美两国代表团14日抵达柏林,双方于14日和15日举行会谈。(完)
图说1:10月24日,在英国伦敦,乌克兰总统泽连斯基走向唐宁街10号首相府。新华社记者李颖摄
图说2:7月18日,德国总理默茨出席在柏林举行的夏季新闻发布会。新华社记者李函林摄
