Connect with us

Europe

ငြိမ်းချမ်းရေးလမ်းကို ယူကရိန်းနှင့် အတူတကွ အတည်ပြုရန် မဖြစ်မနေလိုအပ်ဟု ဇယ်လန်းစကီး ပြောကြား

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက NATO ထိပ်သီးအစည်းအဝေးကာလအတွင်း သတင်းထောက်များအား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းကို “ယူကရိန်းနဲ့ အတူအကွ အတည်ပြုဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါက အခြေခံအကျဆုံးအရာပါ” ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ဇယ်လန်းစကီးသည် ဩဂုတ် ၉ ရက် ညပိုင်းတွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ၎င်းအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးသည့် အစီရင်ခံစာကို လက်ခံရခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ယူကရိန်း သမ္မတရုံးဝက်ဘ်ဆိုက်၏ ယင်းနေ့ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

“ကျွန်တော်တို့ ပေးချင်တဲ့ သတင်းစကားအားလုံးကို ပေးပြီးသွားပါပြီ ။ ကျွန်တော်တို့ရဲ့ အမြင်ကို နားထောင်ခဲ့တယ်။ အန္တရာယ်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီးပြီ။ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးလမ်းက ယူကရိန်းနဲ့သာ မဖြစ်မနေ အတူတကွ အတည်ပြုရမှာပါ။ ဒါက အခြေခံအကျဆုံး အရာပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဇယ်လန်းစကီးက “ယူကရိန်းအနေနဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ သက်ဆိုင်ရာ အဆိုပြုချက်တွေကို တောက်လျှောက် ထောက်ခံခဲ့တယ်”၊ “ယူကရိန်းနဲ့ အမေရိကန်က ရာသီမရွေး၊ အလွှာအမျိုးမျိုး ထိတွေ့ဆက်ဆံမှုထားရှိတယ်။ ဒါပေမဲ့ အကြောင်းအရာအားလုံးကို အများသိအောင်ဖွင့်ပြလို့ မသင့်တော်ဘူး” ဟု ပြောကြားခဲ့သည်။ ယူကရိန်းပြိုကွဲအောင်လုပ်ဆောင်သည့် ကြံစည်မှုများကို လုံးဝဥဿုံ ထပ်မံ ဖြစ်ပေါ်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ယူကရိန်းဘက်က အတိအလင်းယုံကြည်အားထားရသည့် လုံခြုံရေးမူဘောင်၏ အခြေခံပေါ်တွင် ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးဖြင့် စစ်ပွဲကို အဆုံးသတ်ရမည် ဖြစ်ကြောင်း ဇယ်လန်းစကီးက အလေးထားပြောကြားခဲ့သည်။

ထရမ့်သည် ဇယ်လန်းစကီး၊ ရုရှားသမ္မတ ပူတင်တို့နှင့်အတူ အမေရိကန်နိုင်ငံ အလက်စကာတွင် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်အပေါ် တံခါးဖွင့်ထားကြောင်း၊ သို့သော် လက်ရှိ အမေရိကန်ဘက်က ပူတင်၏ တောင်းဆိုချက်အရေ အမေရိကန်-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲကို ပြင်ဆင်လျက်ရှိကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ဩဂုတ် ၉ ရက် နေ့တွင် ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ယင်းနေ့သတင်းများအရ သိရသည်။

ထရမ့်နှင့် ပူတင်သည် ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံကာ ယူကရိန်းအကျပ်အတည်းအရေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ယူကရိန်းပါဝင်သောစေ့စပ်ညှိနှိုင်းမှုမှသာ တရားမျှတကြောင်း ဇယ်လန်းစကီးက ဩဂုတ် ၇ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း သဘောတူညီချက်သည် ရုရှား-ယူကရိန်း နှစ်ဖက် “နယ်မြေအချို့လဲလှယ်မှု” နှင့် သက်ဆိုင်နိုင်ကြောင်း ထရမ့်က အိမ်ဖြူတော်သတင်းထောက်များအား ဩဂုတ် ၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထို့နောက်မကြာမီ ဇယ်လန်းစကီးက နယ်မြေကိစ္စတွင် အလျှော့ပေးမည်မဟုတ်ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။ ( Xinhua)

———————————–
(Chinese Version)
泽连斯基说和平之路“须与乌克兰共同确定”
新华社基辅8月10日电 乌克兰总统泽连斯基9日表示,乌克兰的和平之路“必须与乌克兰共同确定,这是最基本的”。
根据乌克兰总统网站9日发布的消息,泽连斯基在当天晚间发表视频讲话说,他收到了美国与欧洲国家的代表进行会谈的报告。他说:“我们想传达的所有信息都被传达了,我们的观点被听取了,各种风险都已被考虑在内。乌克兰的和平之路必须且只能与乌克兰共同确定,这是最基本的。”
泽连斯基同时表示,“乌克兰一直支持美国总统特朗普相关提议”,“乌克兰与美国保持着几乎全天候、多层次的接触,但并非所有内容都适合公开”。泽连斯基强调说,绝不允许再次出现分裂乌克兰的企图,乌方“必须在一个明确可靠的安全架构的基础上,以有尊严的和平来结束战争”。
另据美国媒体9日报道,一名白宫官员当天表示,特朗普对与泽连斯基和俄罗斯总统普京在美国阿拉斯加举行三边峰会持开放态度,不过目前美方应普京要求在准备美俄元首双边会晤。
特朗普与普京将于8月15日在阿拉斯加州会晤,讨论乌克兰危机。泽连斯基7日晚表示,乌克兰参与谈判才公平。8日早些时候,特朗普在白宫对记者说,俄乌协议可能涉及俄乌双方“交换一些领土”。泽连斯基随后在社交媒体表示,不会在领土问题上让步。(完)
1. 6月24日,在荷兰海牙,乌克兰总统泽连斯基在北约峰会期间对记者讲话。新华社记者赵丁喆摄