Connect with us

Europe

အစ္စရေးသို့ လက်နက်တင်ပို့မှု ကန့်သတ်ချက်များကို ဂျာမနီ ရုပ်သိမ်း

ဂါဇာမြို့ကို အစ္စရေးနိုင်ငံမှ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ပြီးနောက် "Vision" မျှော်စင်မှ မီးခိုးများထွက်လာပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဂျာမနီအစိုးရက အစ္စရေးနိုင်ငံသို့ လက်နက်တင်ပို့မှုအပေါ် ၎င်း၏ တစ်စိတ်တစ်ပိုင်းကန့်သတ်ချက်များအား ရုပ်သိမ်းမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသက်ဝင်စေမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်၌ ကြေညာခဲ့သည်။ ယင်းကန့်သတ်ချက်များကို မူလက သြဂုတ်လတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။အဓိကအားဖြင့် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲမှုက ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးခြင်းကြောင့် ထိုသို့ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဖက်ဒရယ်အစိုးရပြောရေးဆိုခွင့်ရှိသူ Stefan Kornelius က ပြောကြားခဲ့ကြောင်း ဂျာမန်သတင်းဌာန dpa ၏ အဆိုအရ သိရသည်။
ဂါဇာတွင် စစ်ဆင်ရေးများ တိုးချဲ့ရန် အစ္စရေးအစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ဂါဇာ၌ အသုံးပြုနိုင်ဖွယ်ရှိသည့် အစ္စရေးနိုင်ငံသို့ လက်နက်တင်ပို့မှုကို ဂျာမနီနိုင်ငံက သြဂုတ် ၈ ရက်တွင် ရပ်ဆိုင်းခဲ့သည်။

ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဂျာမနီနိုင်ငံသည် လက်နက်တင်ပို့ရေးအတွက် အစ္စရေးနိုင်ငံ၏ တောင်းဆိုမှုများကို တစ်ခုချင်းစီအလိုက် ပြန်လည်သုံးသပ်သည့် ၎င်း၏ စံလုပ်ထုံးလုပ်နည်းကို ပြန်လည်စတင်မည်ဖြစ်ကြောင်း Kornelius က ပြောကြားခဲ့သည်။
ထိုသို့ကန့်သတ်ချက်များ ဖြေလျှော့ရန် ဂျာမနီအစိုးရ၏ ဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က နိုဝင်ဘာ ၁၇ ရက်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Germany lifts arms export restrictions to Israel
BERLIN, Nov. 17 (Xinhua) — The German government announced on Monday that it will lift its partial restrictions on arms exports to Israel, effective Nov. 24. The curbs were originally imposed in August.
According to the German news agency dpa, federal government spokesperson Stefan Kornelius said the decision was largely prompted by the ceasefire between Israel and Hamas.
On Aug. 8, Germany halted the export of weapons to Israel that could potentially be used in Gaza, following the Israeli government’s decision to expand military operations in Gaza.
Kornelius said that once the embargo is lifted, Germany will resume its standard practice of reviewing Israeli arms export requests on a case-by-case basis.
Israeli Foreign Minister Gideon Sa’ar on Monday welcomed Berlin’s decision to ease the restrictions. ■
English Caption
Smoke raises from the “Vision” tower following an Israeli airstrike in Gaza City, on Sept. 8, 2025. (Photo by Rizek Abdeljawad/Xinhua)