Europe
စပိန်နိုင်ငံတွင် တရုတ်ခရီးသွားဧည့်သည်များ ဆောင်းရာသီလာရောက်လည်ပတ်မှု မြင့်တက်လာမှုကို တွေ့မြင်ရ
ဘာစီလိုနာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဆောင်းရာသီအတွင်း စပိန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ရွေးချယ်သည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အရေအတွက် တိုးပွားလာခြင်းသည် နိုင်ငံ၏ သမားရိုးကျခရီးသွားပြက္ခဒိန်ကို ပြန်လည်ပုံဖော်လာပြီး ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရှိန်အဟုန်သစ်များ ဖန်တီးပေးလျက်ရှိကြောင်း စပိန်ခရီးသွားလုပ်ငန်းအတွင်းလူများက ပြောကြားခဲ့သည်။တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များအကြား ဆောင်းရာသီခရီးသွားလာမှု စိတ်ဝင်စားမှု မြင့်တက်လာခြင်းသည် ရာသီဥတုအခြေအနေများ၊ ခရီးသွားလာရေးဆက်သွယ်မှု တိုးတက်လာခြင်းတို့နှင့် ဆက်စပ်ကြောင်း စပိန်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ရှေ့နေအဖွဲ့ Mesa del Turismo ၏ ဒုတိယဥက္ကဋ္ဌ Santiago Vallejo က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
စပိန်နိုင်ငံ၏ အမျိုးသားခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ Turespana မှ ထုတ်ပြန်သော အချက်အလက်များအရ စပိန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၆၅၀,၀၀၀ ခန့်ကို လက်ခံခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ်ထက် ၆၆.၇ ရာခိုင်နှုန်းခန့် တိုးလာခဲ့ခြင်းဖြစ်ပြီး ထိုတရုတ်ခရီးသွားဧည့်သည်များ၏ သုံးစွဲမှုမှာ ယူရို ၁.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလီယံ) ကျော် ရှိခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Sagrada Familia ဘုရားကျောင်းအပြင်ဘက်၌ အမှတ်တရဓာတ်ပုံရိုက်ကူးနေကြသည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်အတွက် အလားအလာများမှာမူ ပို၍ပင်အားကောင်းလာပြီး ဆောင်းရာသီတွင် လေကြောင်းခရီးစဉ်ပြေးဆွဲနိုင်စွမ်းနှင့် ကြိုတင်စာရင်းပေးသွင်းမှုပမာဏ သိသိသာသာ မြင့်တက်လာမှုတို့ကို ပြသနေကြောင်း ထိုထုတ်ပြန်ချက်တစ်ခုတည်း၌ပင် ဖော်ပြခဲ့သည်။
“ခရီးသွားလုပ်ငန်းမှာ တိုက်ရိုက်လေယာဉ်ခရီးစဉ်တွေ မရှိမဖြစ်လိုအပ်ပါတယ်” ဟုလည်း Vallejo က ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီအတွင်း တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံအကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်အရေအတွက်မှာ စံချိန်တင်အဆင့်သို့ ရောက်ရှိရန် ခန့်မှန်းရပြီး ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကထက် အပတ်စဉ် ချိတ်ဆက်မှုများ နှစ်ဆနီးပါး မြင့်တက်လာမည်ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များအကြား ခရီးသွားလာမှုအလေ့အထများ ပြောင်းလဲလာမှုကိုလည်း Vallejo က ထောက်ပြခဲ့သည်။ “သူတို့က နေရာတစ်ခုကို ဒီအတိုင်းလည်ပတ်ချင်ကြရုံတင်မကဘဲ အဲဒီနေရာတွေရဲ့ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကိုပါ ထဲထဲဝင်ဝင် လေ့လာချင်ကြတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် မြို့ကြီးများတွင် ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများကို တိုးချဲ့လာခဲ့ပြီး ပြတိုက်အတွေ့အကြုံများ၊ ပြပွဲများနှင့် လမ်းလျှောက်ခရီးစဉ်များကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ ငွေပေးချေမှုစနစ်များကိုလည်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ၏ အကြိုက်များနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားပြီး အဓိကဈေးဝယ်စင်တာများတွင် ဝယ်ယူမှုများနှင့် အခွန်ပြန်အမ်းငွေများအတွက် Alipay နှင့် WeChat Pay တို့ကို လက်ခံလာကြသည်။
တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် လွတ်လပ်စွာခရီးသွားခြင်းနှင့် ဟိုတယ်တွင်နေထိုင်ခြင်းတို့ကို ရွေးချယ်ကြပြီး ခရီးစဉ်များအား တန်ဖိုးပိုမိုမြင့်မားစေခဲ့သည့် ၎င်းတို့၏ အဓိကလုပ်ဆောင်ချက်များအနက် ဈေးဝယ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာလည်ပတ်ခြင်းနှင့် မြို့ပြရှုခင်းများကို အဆင့်သတ်မှတ်ခြင်းတို့ ပါဝင်ကြောင်း Turespana ၏ ကိန်းဂဏန်းများက ဖော်ပြခဲ့သည်။
“တရုတ်ခရီးသွားဧည့်သည်တွေ ရှာဖွေနေတဲ့အရာကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်” ဟု Vallejo က ပြောကြားခဲ့ပြီး ယင်းဝယ်လိုအားပြောင်းလဲမှုသည် ယာယီမဟုတ်ဘဲ ရေရှည်သဘောသဘာဝရှိကြောင်း ထောက်ပြခဲ့သည်။ “မြို့ပြအတွေ့အကြုံတွေ၊ ယဉ်ကျေးမှုလမ်းညွှန်မှုနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ တိုးတက်ကောင်းမွန်လာစေရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Vallejo က တိုးတက်မှုအား ပိုမိုပံ့ပိုးပေးနိုင်သည့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မီးမောင်းထိုးပြခဲ့သည်။ တရုတ်နိုင်ငံက စပိန်နိုင်ငံအပါအဝင် နိုင်ငံများစွာမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ၂၀၂၆ ခုနှစ်ကုန်အထိ သက်တမ်းတိုးခဲ့ကြောင်း၊ ယင်းက ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို အပြန်အလှန်နည်းလမ်းအားဖြင့် လွယ်ကူချောမွေ့စေမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Spain sees increase in winter visits by Chinese tourists
BARCELONA, Dec. 2 (Xinhua) — A growing number of Chinese tourists choosing to visit Spain during winter is beginning to reshape the country’s traditional tourist calendar and create new momentum for the sector, said Spanish tourism industry insiders.
Santiago Vallejo, vice president of the country’s tourism advocacy body Mesa del Turismo, told Xinhua that the rise in winter travel interest among Chinese tourists is linked both to climate conditions and improved travel connectivity.
According to data released by Turespana, Spain’s national tourism board, Spain received around 650,000 Chinese visitors in 2024, an increase of about 66.7 percent year-on-year, with spending by Chinese tourists exceeding 1.8 billion euros (2.09 billion U.S. dollars).
The same report noted that prospects for 2025 are even stronger, with winter showing significant increases in flight capacity and booking volume.
“In the tourism industry, direct flights are essential,” Vallejo said.
During the 2025-2026 winter and spring season, the number of direct flights between China and Spain is expected to reach a record level, with weekly connections almost doubling from before the pandemic, he said.
Vallejo noted changes in travel habits among Chinese visitors. “They don’t just want to make a simple visit to a place, but to go deeper into the culture of those places and their heritage,” he said.
In recent years, Spain’s tourism sector has expanded cultural offerings in cities, improving museum experiences, exhibitions and walking tours. Payment systems have also been adapted to the preferences of Chinese travelers, with major shopping districts accepting Alipay and WeChat Pay for purchases and tax refunds.
Turespana’s figures show that more than 80 percent of Chinese tourists opt for independent travel and hotel stays, with shopping, cultural visits and urban sightseeing ranking among their main activities, which brought higher added value to destinations.
“We need to understand what Chinese tourists are looking for,” Vallejo said, noting that this shift in demand is not temporary but long-term in nature. “The tourism sector has to adapt, including improving urban experiences, cultural guidance and digital services.”
Vallejo also highlighted policy developments that may further support growth. China has extended its visa-free policy for citizens of dozens of countries, including Spain, until the end of 2026, which will facilitate tourism, business and cultural exchanges in a two-way manner, he said. ■
English Caption 1
Chinese tourists visit the Sagrada Familia church in Barcelona, Spain, July 26, 2023. (Photo by Joan Gosa/Xinhua)
English Caption 2
Chinese tourists pose for a photo outside the Sagrada Familia church in Barcelona, Spain, July 26, 2023. (Photo by Joan Gosa/Xinhua)
