Connect with us

Europe

ရုရှား-အိန္ဒိယ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေး သဘောတူညီချက်အား ဥပဒေအဖြစ် ပူတင် အတည်ပြုလက်မှတ်ရေးထိုး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သည့် ဧည့်ခံကြိုဆိုပွဲအခမ်းအနား၌ ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင် (အလယ်)၊ အိန္ဒိယနိုင်ငံသမ္မတ ဒရူပါဒီ မာမူ (ဝဲ) နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာ မိုဒီတို့ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မော်စကို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရုရှား-အိန္ဒိယ နှစ်နိုင်ငံကြား တပ်ဖွဲ့များစုဖွဲ့ခြင်း၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များ အပြန်အလှန် ဖြန့်ကြက်ချထားရေးဆိုင်ရာ အစိုးရချင်းသဘောတူညီချက်တစ်ရပ်အား ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၁၅ ရက်၌ ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အပြန်အလှန် အထောက်အကူပေးရေး (RELOS) သဘောတူညီချက်မှာ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားခြင်းသာမက ထောက်ပံ့ပို့ဆောင်ရေးအတွက် အပြန်အလှန်အထောက်အကူပေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

RELOS သ‌ဘောတူညီချက်သည် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် လေ့ကျင့်ခန်းများအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို လျှော့ချခြင်း၊ လူတို့၏လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ကပ်ဘေးများနှင့် အခြား အပြန်အလှန်သဘောတူညီထားသည့် အနာဂတ်အခြေအနေများနှင့်လည်း အကျုံးဝင်မှုရှိမည်ဖြစ်သည်။

ယင်းဥပဒေအား အတည်ပြုပြဋ္ဌာန်းခြင်းကြောင့် နှစ်နိုင်ငံကြား လေပိုင်နက်အပြန်အလှန်အသုံးပြုခြင်းနှင့် စစ်သင်္ဘောများ အပြန်အလှန်ဆိုက်ကပ်ခြင်းတို့တွင် ပိုမိုအဆင်ပြေထိရောက်စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Putin signs into law Russia-India military deployment agreement
MOSCOW, Dec. 15 (Xinhua) — Russian President Vladimir Putin on Monday signed into law an intergovernmental agreement between Russia and India on bilateral deployment of military formations, warships and aircraft on each other’s territory.
The Reciprocal Exchange of Logistic Support (RELOS) agreement concerns not only the deployment of military personnel and equipment but also logistical support.
The RELOS agreement applies to the conduct of joint military exercises and training, the provision of humanitarian assistance, the mitigation of consequences of natural disasters and man-made catastrophes, and other mutually agreed-upon scenarios.
Its ratification streamlines the mutual use of airspace and port calls by warships between the two countries.
English Caption
Russian President Vladimir Putin (C), Indian President Droupadi Murmu (L) and Indian Prime Minister Narendra Modi pose for a group photo during a welcome ceremony in New Delhi, India, Dec. 5, 2025. (Str/Xinhua)