Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် မန်စီးတီး ရှုံးပွဲဆက်နေပြီး အာဆင်နယ် ဂိုးပြတ်အနိုင်ရရှိ

မန်ချက်စတာစီးတီးအသင်း၏ ခြေစွမ်းပိုင်းနှင့် ရလဒ်ပိုင်း ဆိုးရွားနေမှုများက ရပ်တန့်သွားခြင်း မရှိသေးဘဲ ဒီဇင်ဘာ ၂၁ ရက်က ယှဥ်ပြိုင်ခဲ့သည့် အက်စတွန်ဗီလာအသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်တွင်လည်း ပက်ပ်ဂွါဒီယိုလာ၏ အသင်းမှာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲချိန် ၁၆ မိနစ်တွင် မန်စီးတီးအသင်း၏ လူကျွံထောင်ချောက်ကိုကျော်၍ ခင်းပေးလိုက်သည့် ဘောလုံးကို မော်ဂန်ရော်ဂျာစ်က ပြန်လည်ဖန်တီးပေးရာမှတစ်ဆင့် လူကပ်ခံရခြင်းမရှိသည့် ဂျွန်ဒူရန်က အပိုင်ကန်သွင်းကာ ဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။
ထို့နောက် ပွဲချိန် ၆၅ မိနစ်တွင် ဂျွန်မက်ဂင်းက မန်စီးတီးခံစစ်ပိုင်း အားနည်းမှုကို အခွင့်ကောင်းယူ၍ ပေးပို့မှုမှတစ်ဆင့် ရော်ဂျာစ်က ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဂွါဒီယိုလာ၏ မန်စီးတီးအတွက် တစ်လုံးတည်းသော ချေပဂိုးကို နာကျင်အချိန်ပိုတွင် ဖီးလ်ဖိုဒန်က သွင်းယူခဲ့သည်။
အာဆင်နယ်အသင်းကမူ ခရစ္စတယ်ပဲလေ့စ်အား အဝေးကွင်း၌ ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ ချဲလ်ဆီးအသင်းထက် တစ်ပွဲပိုကစားထားကာ တစ်မှတ်အကွာသို့ ရောက်လာခဲ့သည်။
ပြီးခဲ့သည့် EFL ဖလားပြိုင်ပွဲတွင် ပဲလေ့စ်အား ဟက်ထရစ်သွင်းယူခဲ့သည့် ဂါဘရီရယ် ဂျေးဆူးက ယခုပွဲစဥ်တွင်လည်း ပွဲချိန် ၆ မိနစ်နှင့် ၁၄ မိနစ်တို့တွင် နှစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး အစ္စမေလာဆားက အိမ်ရှင်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ပထမပိုင်း မပြီးဆုံးမီတွင် ကိုင်ဟားဗက်ဇ်က တစ်ဂိုးသွင်းယူခဲ့သဖြင့် အာဆင်နယ်က ၃-၁ ဂိုး ဖြင့် ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းတွင်လည်း ဂါဘရီရယ် မာတင်နယ်လီနှင့် ဒက်ကလန်ရိုက်စ်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
…..
— အက်သလက်တီကိုက ဘာစီလိုနာကို အနိုင်ယူကာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးသို့ရောက်ရှိ
ဒီဇင်ဘာ ၂၁ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဥ်တွင် အက်သလက်တီကိုအသင်းက ဘာစီလိုနာအား အဝေးကွင်း၌ ပွဲချိန်နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားပြီး နှစ်ကုန်ပိုင်းတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။
ပွဲချိန် မိနစ် ၃၀ တွင် ပက်ဒရီက ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် မိနစ် ၆၀ တွင် အက်သလက်တီကိုအသင်းမှ ရိုဒရီဂို ဒီပေါလ်က ချေပဂိုးသွင်းယူခဲ့သလို နာကျင်အချိန်ပို ၆ မိနစ်တွင် အလက်ဇန်းဒါး ဆော်လော့က ဘယ်ခြေဖြင့် အပိုင်ကန်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းက ရမှတ် ၄၁ မှတ်ဖြင့် ဘာစီလိုနာထက် တစ်ပွဲလျော့၊ သုံးမှတ်အသာဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
…..
— အနားယူရန် မစဥ်းစားသေးဟု သီယာဂို ဆေးလ်ဗား ပြောကြား
ဘရာဇီးဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဟောင်း သီယာဂို ဆေးလ်ဗားက ၎င်း၏ ကစားသမားဘဝ အဆုံးသတ်ရန် နီးကပ်လာပြီဟု ဝန်ခံထားသော်လည်း အနားယူရန် စဥ်းစားထားခြင်းမရှိသေးဟု ဒီဇင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
အသက် ၄၀ အရွယ်ရှိ ဖလူမီနန့်စ်အသင်း နောက်ခံလူ ဆေးလ်ဗားက ၂၀၂၄ ခုနှစ် နှောင်းပိုင်းလများတွင် စိန်ခေါ်မှုများရှိခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အခြေအနေ ပိုကောင်းလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………………………………………….
(English Version)
Man City misery continues, Arsenal takes big win in Premier League
Manchester City’s miserable run of form and results continued on Saturday when Pep Guardiola’s side slipped to a 2-1 defeat away to Aston Villa in the Premier League.
Jhon Duran put Villa ahead in the 16th minute with a simple finish after the ball was slipped through for Morgan Rogers to beat City’s offside trap, before ceding to the unmarked Colombian.
Rogers scored Villa’s second after a pass from John McGinn exploited some more poor defending with 25 minutes to play, and Guardiola’s side never looked as if it was going to get into the game until Phil Foden scored his first goal of the campaign deep into injury time.
Arsenal moved to within a point of second-placed Chelsea, who plays on Sunday, with a 5-1 win away to Crystal Palace.
Gabriel Jesus followed his midweek hat-trick against Palace in the EFL Cup with two more goals after six and 14 minutes, which were separated by Ismaila Sarr’s equalizer for the home side. Kai Havertz made it 3-1 for Arsenal before halftime, and Gabriel Martinelli and Declan Rice completed the scoring in the second half.
…..
Atletico upsets Barcelona to go top of La Liga
Atletico Madrid ended the year as leader in La Liga after winning 2-1 away to FC Barcelona with virtually the last attack of the game on Saturday.
Pedri opened the scoring in the 30th minute. Rodrigo De Paul leveled with his side’s first shot on target in the 60th minute. Alexander Sorloth scored the winning goal for Atletico with a thumping left-foot finish in the sixth minute of injury time.
The win enabled Atletico Madrid to overtake Barcelona on top of the standings with 41 points, three ahead of Barca with one game in hand.
…..
Thiago Silva says retirement not on mind
Former Brazil captain Thiago Silva said Saturday that he has not yet considered retirement, despite acknowledging that he is nearing the end of his career.
The 40-year-old Fluminense defender admitted that the final months of 2024 had been “challenging” but expressed hope for a brighter 2025.

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.