International Organizations
ဖရိုင်းဘတ်ကို ဘိုင်ယန်က ၆ ဂိုးသွင်းပြီး အနိုင်ရခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲတွင် အိုလီဆေး ခြေစွမ်းပြ
ဘာလင်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဘိုင်ယန်မြူးနစ်အသင်းသည် နိုဝင်ဘာ ၂၂ ရက်က အိမ်ကွင်း၌ ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲတွင် ဖရိုင်းဘတ်ကို ၂ ဂိုးပြတ်ရှုံးနေရာမှ ၆-၂ ဂိုးရလဒ်ဖြင့် ပြန်လည်အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး မိုက်ကယ် အိုလီဆေးကလည်း ဘိုင်ယန်မြူးနစ်အတွက် ၂ ဂိုးသွင်းကာ ၃ ဂိုးဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြ ကစားခဲ့ သည်။နိုဝင်ဘာနိုင်ငံပွဲစဥ်များမတိုင်မီ ယူနီယံဘာလင်နှင့် ၂-၂ သရေကျကာ ၎င်းတို့၏ ရာသီအစတာထွက် ကောင်းခဲ့မှု ရပ်တန့်သွားပြီးနောက် ဘွန်ဒက်စ်လီဂါထိပ်ဆုံးနေရာတွင်ရှိနေသည့် ဘိုင်ယန်မြူးနစ်က ယခုပွဲတွင် ပုံစံကောင်းကို ပြန်လည်ရယူနိုင်ရန် ဆုံးဖြတ်ကစားသွားခဲ့သည်။ နည်းပြဗင်းဆင့်ကွန်ပနီက လူငယ်ကစားသမားအများအပြားကို ပွဲထွက်လူစာရင်းမှ အသုံးပြုသွားခဲ့ပြီး ဂျိုရူအာကင်မစ်ရှ်နှင့် ဆာ့ချ်ဂဘရီတို့ကဲ့သို့ ကစားသမားများက အရန်ခုံတန်းပေါ်မှသာ ပွဲကိုကြည့်ရှုခဲ့ကြရသည်။
ဖရိုင်းဘတ်က ခံစစ်ပိတ်ကစားနေရာမှ ယန်းနီးကလက်စ်ဘက်စတီ၏ ကောင်းမွန်သော ထောင့်ကန် ဘော ၂ ကြိမ်က အပြောင်းအလဲဖြစ်သွားခဲ့သည်။ ယူအီတိုဆူဇူကီးက အဖွင့်ဂိုးကို အသာအယာ ကန်သွင်းယူခဲ့သလို ဂျိုဟန်မန်ဇမ်ဘီက ပြင်းထန်အားပါသောခေါင်းတိုက်ချက်ဖြင့် ဂိုးသမား မန်နျူရယ်နူယာကို ဖြတ်ကျော်ကာဂိုးသွင်းယူနိုင်ခဲ့မှုကြောင့် ပွဲကစားချိန်မိနစ် ၂၀ ပင်မရှိသေးချိန်တွင် ဧည့်သည် ဖရိုင်းဘတ်က ၀-၂ ဂိုးရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဘိုင်ယန်မြူးနစ်ကလည်း ဆယ်ကျော်သက်ကွင်းကစားသမား လန်းနတ်ကားလ်၏သွင်းဂိုးဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ ကားလ်က အိုလီဆေး၏ ဖြတ်ထိုးပေးသည့် ဘောလုံးကို သွေးအေးတည် ငြိမ်စွာကန်သွင်းယူပြီး ဂိုးကွာခြားချက်ကို ထက်ဝက်လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ ကားလ်နှင့်အိုလီဆေး တို့နှစ်ဦးမှာ ပထမပိုင်းမပြီးခင် နာကျင်အချိန်ပိုတွင်လည်း အတွဲမိခဲ့ကာ ကားလ်၏ ဖန်တီးပေးမှတစ်ဆင့် အိုလီဆေးက ဘိုင်ယန်မြူးနစ်အတွက် ၂ -၂ ဖြစ်စေသည့် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဘိုင်ယန်မြူးနစ်က ပွဲကိုလွှမ်းမိုးကစားနိုင်မှုပုံစံသစ်ဖြင့်ကစားလာခြင်းကြောင့် ဂိုးရလဒ် များကလည်း အရှိန်အဟုန်ဖြင့် ပြတ်ပြတ်သားသား ပြောင်းလဲသွားခဲ့သည်။ အိုလီဆေးက ၎င်း၏ ဒုတိယ မြောက် ဂိုးဖန်တီးပေးမှုအဖြစ် ထောင့်ကန်ဘောကန်တင်ပေးခဲ့ရာတွင် နောက်ခံလူ ဒါယော့တ် အူပါမီ ကာနိုက မြေမကျကန်ချက်ဖြင့် ပြီးပြည့်စုံစွာ ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပြီးမကြာမီ ဟယ်ရီကိန်းက အဝေးကန်ချက်ဖြင့် ဘိုင်ယန်မြူးနစ်၏ ဦးဆောင်မှုကို ဆက်လက်ချဲ့ထွင်ပေးခဲ့သည်။
လင်းနတ်ကားလ် ဒဏ်ရာရသွားခြင်းကြောင့် လူစားလဲခံခဲ့ရသော်လည်း ယင်းနောက်ပိုင်းတွင် ဘိုင်ယန် မြူးနစ်၏ ကစားအားက ကျဆင်းသွားခဲ့ခြင်း မရှိပေ။ ကားလ်၏ နေရာတွင် နီးကိုးလက်စ် ဂျက်ဆင်က လူစားဝင်ကစားခဲ့သလို ၎င်းကလည်း အိုလီဆေး ဖြတ်ထိုးပေးမှုတစ်ဆင့် ဘိုင်ယန်မြူးနစ်အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ ပြင်သစ်တောင်ပံကစားသမားသည် ထူးချွန်သော တစ်ကိုယ်တော် အားထုတ်မှုဖြင့် အဝေးတိုင်ထောင့်သို့ အံ့အားသင့်ဖွယ်ရာ ဝေ့ဝိုက်ကန်သွင်းကာ အံဝင် ခွင်ကျဖြစ်နေသည်ကို နောက်ဆုံးတွင် ပြသနိုင်ခဲ့သည်။
အဆိုပါ ပြတ်သားသောအနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်မှာ ရှုံးပွဲမရှိသေးမှုနှင့်အတူ ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးတွင် ခိုင်မာစွာ ဆက်လက်ရပ်တည်နေသည်။ “ပွဲရဲ့ အစောပိုင်းအချိန်တွေကတော့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ အဲဒီနောက် ကစားသမား နှစ်ယောက်က အံ့အားသင့်ဖွယ်ရာစွမ်းဆောင်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်ကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်”ဟု ကွန်ပနီက ပြောခဲ့သည်။
အခြားသောပွဲစဥ်များတွင် ဝုဖ်ဘတ်ကို အဝေးကွင်းတွင် ၁-၃ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည့် လေဗာကူဆင်က အမှတ်ပေးဇယားဒုတိယနေရာသို့ တက်ရောက်လာခဲ့သည်။ ဘိုရပ်ရှားဒေါ့မွန်က ၂ ဂိုးပြတ်ဦးဆောင်နေရာမှ ပွဲအပြီးတွင် စတုဂတ်နှင့် ၃-၃ ဂိုးရလဒ်ဖြင့် သရေကျခဲ့သည်။ အော့စ်ဘတ်က ဟမ်းဘတ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘိုရပ်ရှား မိုချန်ဂလက်ဘက်က အမှတ်ပေးဇယားအောက်ဆုံးမှ ဟိုင်ဒင်ဟိမ်းကို ၀-၃ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ကာ ကိုလုန်းကို ၄-၃ ဂိုးရလဒ်ဖြင့် အနိုင်ရသောပွဲတွင် ဂျုလီယန်ဘရန့်က ဖရန့်ဖတ်အတွက် နှစ်ဂိုးသွင်းပြီး နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့သည်။ (Xinhua)
#BayernMunich #Olise #Shine #ဘိုင်ယန်မြူးနစ် #အိုလီဆေး #ခြေစွမ်းပြ
————————-
(English Version)
Olise sparks Bayern’s six-goal rally against Freiburg in Bundesliga
BERLIN, Nov. 22 (Xinhua) — Bayern Munich conjured a comeback from two goals down to cruise past Freiburg 6-2 at home, with Michael Olise shining with two goals and three assists on Saturday.
After seeing its perfect start to the campaign ended by a 2-2 draw against Union Berlin ahead of the international break, Bayern entered the match determined to restore order at awhile regulars such as Joshua Kimmich and Serge Gnabry watched on from the sidelines.
Freiburg burst out of the blocks, as two of Jan-Niklas Beste’s corners were expertly converted. Yuito Suzuki lashed in the opener after a clever flick-on, before Johan Manzambi powered a header beyond goalkeeper Manuel Neuer to give the visitors a two-goal lead in less than 20 minutes.
Bayern’s response was led by teenage midfielder Lennart Karl, whose calm finish from an Olise through-ball halved the deficit. The duo combined again in stoppage time, with Karl turning provider for Olise, who rifled home the equalizer.
The goal shifted the momentum decisively as the hosts entered the second half with renewed authority. Dayot Upamecano completed the turnaround by volleying in from another Olise delivery at a corner, before Harry Kane extended the lead moments later with a long-range effort.
Though Karl was forced off through injury, Bayern’s tempo didn’t drop afterwards. Nicolas Jackson, coming in as a substitute, added a fifth following another Olise pass. The French winger fittingly had the final say, curling a superb effort into the far corner to cap an outstanding individual display.
The emphatic victory keeps Bayern firmly at the top with an unbeaten run.
“Early on, it was a difficult spell for us. Then two players produced something special, and we got our momentum back again,” said Kompany.
Elsewhere, Bayer Leverkusen climbed to second with a 3-1 victory away to Wolfsburg, Borussia Dortmund squandered a two-goal lead in a 3-3 draw with Stuttgart, Augsburg edged Hamburg 1-0, Borussia Monchengladbach swept bottom side Heidenheim 3-0, and Jonathan Burkardt’s brace helped Eintracht Frankfurt overpower Cologne 4-3. ■
Photo:
Harry Kane (R) of Bayern Munich vies with Maximilian Eggestein of SC Freiburg during the German first division Bundesliga football match between Bayern Munich and SC Freiburg in Munich, Germany, Nov. 22, 2025. (Photo by Philippe Ruiz/Xinhua)
