Connect with us

International Organizations

ဘရာဇီးအသင်းသို့ ပြန်လည်ခေါ်ယူခံရခြင်းအတွက် အံ့အားသင့်မိကြောင်း ရော့ ဖွင့်ဟ

စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ စီအေ အိုဆာဆူနာအသင်းနှင့် ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါပွဲစဉ်အတွင်း အသင်းဖော် လာမင်း ယမားလ်နှင့်အတူ ၎င်း၏ သွင်းဂိုးအတွက် အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ ဗစ်တာရော့ (ယာ) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ပါးလ်မီးရက်စ်တိုက်စစ်မှူး ဗစ်တာရော့က ဆီနီဂေါနှင့် တူနီးရှားအသင်းတို့နှင့် ခြေစမ်းပွဲများအတွက် ဘရာဇီးအသင်း၌ ပြန်လည်ပါဝင်ကစားခွင့်ရရှိကြောင်း ကြားသိရခြင်းအတွက် အံ့အားသင့်မိကြောင်း နိုဝင်ဘာ ၄ ရက်၌ ဖွင့်ဟပြောကြားခဲ့သည်။အဆိုပါသတင်းအား နိုဝင်ဘာ ၃ ရက်က ကြားသိရချိန်တွင် ၎င်းမှာ ပါးမီးရက်စ်အသင်းဖော် Luiz Benedetti နှင့်အတူ ဗီဒီယိုဂိမ်းများ ကစားနေခဲ့ကြောင်း အသက် ၂၀ အရွယ် ကစားသမားက ပြောကြားခဲ့သည်။“ကျွန်တော် မမျှော်လင့်ထားပါဘူး” ဟု ရော့က ဘရာဇီးစီးရီးအေ ဆော်ပိုလိုကလပ်အသင်း ပါးလ်မီးရက်စ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ “ဒီအခွင့်အရေးကို ရရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ကျွန်တော့်အနေနဲ့ နိုင်ငံအသင်းကို ကူညီနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဘရာဇီးအသင်းအတွက် တစ်ကြိမ်သာ ပါဝင်ကစားခဲ့သည့် ရော့က ဖေဖော်ဝါရီလတွင် ဘာစီလိုနာမှ ပြောင်းရွှေ့လာပြီးချိန်မှစ၍ ပါးမီးရက်စ်အတွက် ပြိုင်ပွဲစုံတွင် ၁၇ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားသည်။

ယင်းမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ၌ ၂ ဂိုး သွင်းယူပြီးနောက် ရီးရဲလ်ဘက်တစ်အတွက် အငှားချခံရစဉ် ၃၃ ပွဲတွင် ၇ ဂိုး သွင်းယူခဲ့သော တိုက်စစ်မှူး ရော့အတွက် ကြီးမားသော ကံကြမ္မာပြောင်းလဲမှုတစ်ခုဖြစ်သည်။

“ဘောလုံးက အရမ်းမြန်မြန်ဆန်ဆန် ရွေ့လျားနေတယ်လို့ ကျွန်တော် အမြဲပြောပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ခြောက်လလောက်က ဘာမှ အဆင်မပြေခဲ့ပေမဲ့ ဒီနေ့တော့ ကျွန်တော် အရမ်းပျော်ပါတယ်။ ပါးလ်မီးရက်စ်အသင်းက ကျွန်တော့်ကို ထူးထူးခြားခြား ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းကို ပြန်လည်ရရှိပြီး ကံကောင်းထောက်မစွာပဲ အရာအားလုံး ကျွန်တော့်အတွက် အဆင်ပြေနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်အသက် အရမ်းငယ်သေးပေမဲ့လည်း ကျွန်တော့်မှာ အတွေ့အကြုံတွေ ရှိနေပါပြီ။ ကျွန်တော် ပရော်ဖက်ရှင်နယ် ကစားနေတာ အတော်ကြာပါပြီ။ ဘရာဇီးမှာရော ပြည်ပမှာပါ ကျွန်တော် သင်ယူခဲ့တာတွေကို မျှဝေဖို့ ကြိုးစားပါတယ်။ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ ကစားသမားတွေဆီကနေ အကူအညီတောင်းသလို တခြားသူတွေကို ကူညီဖို့လည်း ကြိုးစားပါတယ်။ အဓိကကတော့ တိုးတက်အောင် ကြိုးစားပြီး မာန်မာနမထောင်လွှားဘဲ နှိမ့်နှိမ့်ချချနေဖို့ပါပဲ” ဟုလည်း ရော့က ဖြည့်စွက်ပြောကြားခဲ့သည်။

ဘရာဇီးအသင်းသည် နိုဝင်ဘာ ၁၅ ရက်၌ လန်ဒန်မြို့ရှိ အမ်းမရိတ်စ်အားကစားကွင်းတွင် ဆီနီဂေါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နောက်သုံးရက်အကြာ၌ Lille မြို့ရှိ Pierre-Mauroy အားကစားကွင်းတွင် တူနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထိုပွဲစဉ်များက ဘရာဇီးအသင်းနည်းပြချုပ် မန်နေဂျာ ကာလို အန်ဆယ်လော့တီအတွက် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကစားမည့် လာမည့်နှစ် ဖီဖာကမ္ဘာ့ဖလားအတွက် ၎င်း၏လူစာရင်းကို အပြီးသတ်မရွေးချယ်ခင် စမ်းသပ်ရန် နောက်ဆုံးအခွင့်အရေးတစ်ခု ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Roque admits surprise at Brazil recall
RIO DE JANEIRO, Nov. 4 (Xinhua) — Palmeiras forward Vitor Roque admitted on Tuesday that he was surprised to learn of his return to Brazil’s squad for friendlies against Senegal and Tunisia.
The 20-year-old said he was playing video games with Palmeiras teammate Luiz Benedetti when he received the news on Monday.
“I didn’t expect it,” Roque told the Sao Paulo club’s official website. “I’m just really glad to have this opportunity and hopefully I will be able to help the national team.”
Roque, whose only Brazil cap came in 2023, has scored 17 goals and provided five assists across all competitions for Palmeiras since his February move from Barcelona.
It marks a stark change in fortunes for the attacker, who struck twice in 16 appearances across all competitions for Barcelona before netting seven goals in 33 games while on loan for Real Betis.
“I always say that football moves very quickly,” he said. “Six months ago, nothing was going right and today I’m very happy. Palmeiras helped me in an extraordinary way. I’ve regained my form and thankfully things are going right for me.”
Roque added: “Even though I’m still very young, I already have some experience. I’ve been playing professionally for a while, and I try to share what I’ve learned, both here in Brazil and abroad. I try to help others, just as I seek help from the older players. The key is to keep trying to improve and staying humble.”
Brazil will meet Senegal at London’s Emirates Stadium on November 15 and Tunisia at Pierre-Mauroy Stadium in Lille three days later.
The fixtures will give manager Carlo Ancelotti one of his last chances to experiment before finalizing his squad for next year’s FIFA World Cup, to be played in the United States, Mexico and Canada from June 11 to July 19. ■
English Caption
Vitor Roque (R) of Barcelona celebrates his goal with his teammate Lamine Yamal during a Spanish league (La Liga) football match between FC Barcelona and CA Osasuna in Barcelona, Spain, on Jan. 31, 2024. (Photo by Joan Gosa/Xinhua)