Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် အာဆင်နယ် ခြေချော်ခဲ့ပြီး မန်စီးတီး အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံဆုအတွက် အကြိတ်အနယ်ပိုရှိလာ

လန်ဒန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်၌ အက်စတွန်ဗီလာက အာဆင်နယ်ကို လူစားဝင်ကစားသမား အမ်မီလီယာနို ဘူအန်ဒီယာ၏ နောက်ဆုံးမိနစ်သွင်းဂိုးနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ချန်ပီယံဆုဖလားအတွက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီဖြစ်သည်။ ဘူအန်ဒီယာက အာဆင်နယ်အသင်း ပင်နယ်တီဧရိယာအတွင်း လျှံထွက်လာသည့်ဘောလုံးကို ပိတ်သွင်းကာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အား ဩဂုတ် ၃၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့စေခဲ့သည်။

ပထမပိုင်းတွင် အာဆင်နယ်က အနည်းငယ် ခြေစွမ်းပိုမိုကောင်းမွန်ခဲ့သော်လည်း ပွဲချိန် ၃၆ မိနစ်တွင် မက်တီကက်ရှ်က အက်စတွန်ဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ဒုတိယပိုင်းပြန်စပြီး ၇ မိနစ်အကြာတွင် လီယန်ဒရို ထရော့ဆက်ဒ်က အာဆင်နယ်အတွက် ချေပဂိုးသွင်းယူခဲ့သော်လည်း ဘူအန်ဒီယာ၏ အနိုင်ဂိုးကြောင့် အူနိုင်း အမ်မရီ၏အသင်းမှာ ၇ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့သည်။

သို့ဖြစ်၍ အက်စတွန်ဗီလာမှာ အာဆင်နယ်နှင့် သုံးမှတ်အကွာသို့ ရောက်ရှိလာခဲ့ပြီး မန်ချက်စတာစီးတီးကလည်း ရူဘင် ဒီယက်စ်၊ ဂျော့စ်ကို ဂဗာဒီယောလ်နှင့် ဖီးလ်ဖိုဒန်တို့၏ သွင်းဂိုးများဖြင့် ဆန်းဒါးလန်းကို အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးနှင့် နှစ်မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။ မန်စီးတီးအနေဖြင့် လာမည့်တစ်ပတ် ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်တွင် ချဲလ်ဆီးက ဘုန်းမောက်ကို အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့သဖြင့် အန်ဇို မာရက်စကာ၏အသင်းမှာ ချန်ပီယံပြေးလမ်းပေါ်တွင် အက်စတွန်ဗီလာ၊ မန်စီးတီးတို့နှင့် အမှတ်ပိုမိုကွာဟသွားခဲ့သည်။

တော့တင်ဟမ် ဟော့စပါးနည်းပြ သောမတ်စ် ဖရန့်ခ်က ရစ်ချာလီဆန်၊ ဇာဗီ ဆီမွန်စ်တို့၏ သွင်းဂိုးများနှင့်အတူ အသင်းဟောင်းဘရန့်ဖို့ဒ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တော့တင်ဟမ်က ပထမပိုင်းပွဲချိန် မပြီးဆုံးမီမှာပင် အနိုင်ဂိုးများကို သွင်းယူခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်က ဟူဂို အီကီတီကီ၏ ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့် လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းတွင် ဦးဆောင်နိုင်ခဲ့သော်လည်း အာနယ် ဆလော့၏အသင်းမှာ ယခုပွဲစဉ်၌လည်း ခံစစ်ပိုင်းအားနည်းချက်များ ဖြစ်ပေါ်ခဲ့ရာ လိဒ်စ်ယူနိုက်တက်က ချေပဂိုးများပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ၃-၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲချိန် ၇၃ မိနစ်တွင် ဒေါမနစ် ကယ်လ်ဗက်-လီဝင်က လိဒ်စ်ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သဖြင့် ပွဲမှာပြန်လည်အသက်ဝင်လာခဲ့ပြီး နှစ်မိနစ်အကြာတွင် အန်တန် စတက်ချ်က ချေပဂိုးထပ်မံသွင်းယူခဲ့သည်။


သို့သော် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၀ မိနစ်အလိုတွင် ဒေါမနစ် ဆိုဘော့ဇ်လိုင်က ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် လီဗာပူးလ်အသင်း အနိုင်ရရှိတော့မည်ဟု ယူဆရသော်လည်း နာကျင်အချိန်ပို ၆ မိနစ်တွင် လိဒ်စ်အသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် အာအို တာနာကာက လိဒ်စ်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

နယူးကာဆယ်ယူနိုက်တက်က ရုန်းကန်နေရသည့် ဘန်လေကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲချိန်မိနစ် ၃၁ တွင် ဘရူနို ဂီမာရေးစ်က အဖွင့်ဂိုးသွင်းယူခဲ့သလို ဘန်လေအသင်းမှ လူးကက်စ် ပီရက်စ် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ကျူးလွန်ခဲ့သည့်အတွက် ထုတ်ပယ်ခံရပြီးနောက် ပထမပိုင်း နာကျင်အချိန်ပိုပြီးဆုံးခါနီးတွင် အန်သနီ ဂေါ်ဒွန်က ပင်နယ်တီမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။
ဘန်လေအတွက် နှစ်သိမ့်ဂိုးကိုမူ ပွဲချိန် ၉၄ မိနစ်တွင် ဇီယန် ဖလမ်းမင်းက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။

အဲဗာတန်က နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း၌ ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဥရောပဝင်ခွင့်နေရာသို့ တက်လှမ်းနိုင် ခဲ့သည်။ ပွဲချိန် ၂ မိနစ်တွင် နော်တင်ဟမ်ဖောရက်စ်နောက်ခံလူ နစ်ကိုလာ မီလန်ကိုဗစ် ကိုယ့်ဂိုးကိုယ်သွင်းမိ ခဲ့သလို သီယာနို ဘယ်ရီနှင့် ကီယာနန် ဒျူးစ်ဘရီ-ဟောတို့က အဲဗာတန်အတွက် အနိုင်ဂိုးများကို ထပ်မံသွင်းယူခဲ့သည်။ (Xinhua)
…………………………………………………………….
(English Version)
Arsenal falls, Manchester City wins as Premier League title race tightens up
LONDON, Dec. 6 (Xinhua) — Substitute Emiliano Buendia scored with the last kick of the match to give Aston Villa a 2-1 win at home to Arsenal and throw the Premier League title race wide open.
Buendia buried a loose ball in the Arsenal penalty area to inflict the first defeat since August 31 on the league leader.
Arsenal had slightly the better of the first half, but Matty Cash fired Aston Villa ahead in the 36th minute.
Leandro Trossard equalized for Arsenal seven minutes after the break, but Buendia popped up to give Unai Emery’s side its seventh consecutive win.
Aston Villa is now just three points behind Arsenal, while Manchester City moved to within two of the top of the table after a 3-0 win at home to Sunderland, with Ruben Dias, Josko Gvardiol and Phil Foden scoring the goals ahead of next week’s UEFA Champions League clash with Real Madrid.
Chelsea was held to a 0-0 draw away to Bournemouth that sees Enzo Maresca’s side slip further behind Aston Villa and Manchester City in the title race.
Tottenham Hotspur coach Thomas Frank saw his team win 2-0 at home to Brentford, with Richarlison and Xavi Simons wrapping the game up before halftime against Frank’s former club.
Two second-half goals from Hugo Ekitike looked to have put Liverpool on track for a routine win away to Leeds United, but Arne Slot’s side again showed its defensive frailties as Leeds fought back to claim a 3-3 draw.
Dominic Calvert-Lewin’s 73rd-minute penalty got Leeds back into the match, and Anton Stach leveled the score two minutes later.
It looked as if Liverpool had won the game when Dominik Szoboszlai put it back ahead 10 minutes from time, but Ao Tanaka rewarded Leeds’ personality with an equalizing goal in the sixth minute of injury time.
Newcastle United notched a 2-1 home victory over struggling Burnley, with Bruno Guimaraes breaking the deadlock just after the half hour and Anthony Gordon converting a penalty deep in first half injury time, shortly after Burnley’s Lucas Pires was sent off for a serious foul.
Burnley got a consolation goal with Zian Flemming’s 94th-minute spot kick.
Everton moved into European places with a 3-0 win at home to Nottingham Forest, whose defender Nikola Milenkovic put the ball into his own net in the second minute, before goals from Thierno Barry and Kiernan Dewsbury-Hall secured a win.
English Caption 1
Liverpool’s players react after Leeds United’s equalising third goal during the English Premier League match between Leeds United and Liverpool in Leeds, Britain, on Dec. 6, 2025. (Xinhua)
English Caption 2
Liverpool’s Hugo Ekitike scores during the English Premier League match between Leeds United and Liverpool in Leeds, Britain, on Dec. 6, 2025. (Xinhua)
English Caption 3
Leeds United’s Dominic Calvert-Lewin (R) celebrates scoring during the English Premier League match between Leeds United and Liverpool in Leeds, Britain, on Dec. 6, 2025. (Xinhua)