International Organizations
ဘက်တစ်မှ ဆယ်လ်တာဗီဂိုသို့ တိုက်စစ်မှူး အီဂလဲစီးယားစ် အမြဲတမ်းပြောင်းရွှေ့မှု အပြီးသတ်

မက်ဒရစ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ရီးရဲလ်ဘက်တစ်အသင်းမှ တိုက်စစ်မှူး ဘော်ဂျာ အီဂလဲစီးယားစ်ကို ၎င်းတို့အသင်းသို့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဆယ်လ်တာဗီဂိုအသင်းက ဩဂုတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။အဆိုပါခေါ်ယူမှုသည် အီဂလဲစီးယားစ်အား လွန်ခဲ့သည့်ရာသီက အငှားစာချုပ်ဖြင့် ၎င်းဝင်ရောက်၍ ၃၇ ပွဲကစားခဲ့ပြီး ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဆယ်လ်တာဗီဂိုအသင်းသို့ ပြန်လည်ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ ဆယ်လ်တာဗီဂိုအသင်းသည် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်သို့ တက်လှမ်းရန် စပိန်လာလီဂါတွင် အဆင့်ခုနစ်နေရာ၌ ရပ်တည်ခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ကစားသမား အီဂလဲစီးယားစ်အား ခေါ်ယူမှုသည် ခန့်မှန်းခြေ ယူရို ၁.၅ သန်း (အမေရိကန်ဒေါ်လာ ၁.၇၄ သန်း) ကျသင့်ခဲ့ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ သဘောတူညီမှုရရှိခဲ့ကာ နောက်ထပ်ရာသီတစ်ခုကို သက်တမ်းတိုးခွင့်ရှိမည်ဖြစ်သည်။
ဆယ်လ်တာသည် ဩဂုတ် ၁၇ ရက်တွင် Getafe အသင်းနှင့်ယှဥ်ပြိုင်ကစား၍ စပိန်လာလီဂါရာသီသစ်ကို စတင်မည်ဖြစ်သည်။အီဂလဲစီးယားစ်သည် ဘက်တစ်အသင်းနည်းပြ မန်နျူရယ် ပယ်လယ်ဂရင်နီနှင့် ဆက်ဆံရေးအဆင်မပြေခဲ့ပေ။ ၎င်းသည် လိဂ်ပြိုင်ပွဲ ၁၄၂ ပွဲတွင် ၃၉ ဂိုး သွင်းယူခဲ့ကာ ၂၀၂၂ ခုနှစ် ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးခဲ့သော ဘက်တစ်အသင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီးနောက် ဘက်တစ်မှ ထွက်ခွာခဲ့သည်။၎င်းသည် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၏ ဒုတိယနှစ်ဝက်ကို ဘိုင်ယန်လေဗာကူဆင်အသင်းတွင် ကုန်ဆုံးခဲ့ပြီး လွန်ခဲ့သည့်ရာသီကို ဆယ်လ်တာ၌ ကုန်ဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
Striker Iglesias completes permanent move from Betis to Celta Vigo
MADRID, Aug. 12 (Xinhua) — Celta Vigo announced the signing of striker Borja Iglesias from Real Betis on Tuesday.
The move sees Iglesias return to the club where he spent last season on loan, scoring 11 goals in 37 appearances as Celta finished seventh in La Liga to qualify for the UEFA Europa League.
The 32-year-old cost an estimated 1.5 million euros (1.74 million U.S. dollars), and has agreed to a deal until the end of June 2027, with the option of extending it for a further season.
Celta kicks off the new La Liga season against Getafe on Sunday.
Iglesias has had a difficult relationship with Betis coach Manuel Pellegrini. He leaves Betis after scoring 39 goals in 142 league appearances and forming part of the team that won the 2022 Copa del Rey.
He spent the second half of the 2023-24 campaign with Bayern Leverkusen and last season with Celta. ■
English Caption
Real Madrid’s Vinicius Jr. (R) vies with Betis’ Borja Iglesias during a La Liga Santander match between Real Madrid and Real Betis in Madrid, Spain, Sept. 3, 2022. (Photo by Gustavo Valiente/Xinhua)