Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေရန်အတွက် တရုတ်နည်းလမ်း ပံ့ပိုးပေးသည်ဟု ပါကစ္စတန်အရာရှိ ဆို

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးကာလအတွင်း အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံက အချိန်အခါနှင့်ကိုက်ညီပြီး လက်ရှိကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေရန်အတွက် တရုတ်နည်းလမ်း ပံ့ပိုးပေးလိုက်ခြင်းဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Zafar Uddin Mahmood က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အဆိုပါနေ့တွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် “ခေတ်သစ် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း အရှိန်မြှင့် ဖွဲ့စည်းတည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် မီဒီယာ နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သည်။ Zafar က မိန့်ခွန်းပြောကြားရာတွင် တရုတ်အစိုးရ၏ အကောင်အထည်ဖော်ဆောင်နိုင်စွမ်းကို အထူး ချီးကျူးခဲ့သည်။ ၎င်းက BRICS နိုင်ငံများ New Development Bank (NDB) နှင့် အာရှတိုက် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကို ဥပမာပေးကာ ယင်းဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုလုံးသည် ထူထောင်ကြောင်းကြေညာပြီးနောက် မြန်မြန်ဆန်ဆန် လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီး အောင်မြင်မှုရလဒ်များကလည်း ပါကစ္စတန်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ အကျိုးပြုခဲ့ကြောင်း ထောက်ပြခဲ့သည်။

Zafar က ပါကစ္စတန်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံနှင့် အပြည့်အဝချိတ်ဆက်မည်ဖြစ်ပြီး ယင်းမှ အကျိုးအမြတ်ရရှိရန် မျှော်လင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံတို့နဲ့အတူ ကမ္ဘာတစ်ဝန်းမှာ အမြစ်တွယ်လာပြီး နိုင်ငံအသီးသီးက အစိုးရများအား နိုင်ငံစီမံခန့်ခွဲရေး၊ ပြည်သူ့လူမှုဘဝမြှင့်တင်ရေးတို့အတွက် လမ်းညွှန်မှုပေးလိမ့်မယ်ဟု ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝပြည့်စုံရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြည့်စုံကောင်းမွန်စေရန်အတွက် ခိုင်မာအားကောင်းသော တွန်းအား ဖြည့်တင်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်ဘက်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို အတူတကွ လက်တွေ့ဖော်ဆောင်ကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ပြီး လူသားမျိုးနွယ်အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပါကစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုန်းက ပါကစ္စတန်မီဒီယာများနှင့် နှီးနှောဖလှယ်ရာတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
巴基斯坦官员:全球治理倡议为完善全球治理提供中国方案
新华社伊斯兰堡9月10日电(记者杨恺 张敬尧)巴基斯坦总理中国事务特别代表扎法尔·乌丁·马哈茂德9日说,中国在上海合作组织天津峰会期间提出的全球治理倡议正当其时,为应对当今全球挑战、完善全球治理提供了中国方案。