Connect with us

International Organizations

ငယ်ဘဝကလပ်အသင်း နယူးဝဲလ်စ်က မက်ဆီအား ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားနေ

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ BMO Field အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တိုရွန်တိုအက်ဖ်စီအသင်းနှင့် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) ပုံမှန်ရာသီပွဲစဉ်၌ အင်တာမိုင်ယာမီအသင်းမှ လီယွန်နယ် မက်ဆီ (ဝဲ-ဒုတိယ) ထိုးဖောက်ကစားနေစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

လီယွန်နယ် မက်ဆီ၏ ငယ်ဘဝကလပ်အသင်းဖြစ်သည့် နယူးဝဲလ်စ် အိုးဘွိုင်းစ် (Newell’s Old Boys) အသင်းက အဆိုပါ ကမ္ဘာ့ဖလားချန်ပီယံအား လာမည့်နှစ်တွင် ကာလတိုစာချုပ်ဖြင့် ခေါ်ယူမည့် အစီအစဉ်များကို ထုတ်ဖော်ကြေညာခဲ့သည်။အဆိုပါ အာဂျင်တီးနားကလပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟွမ် မန်နျူရယ် မက်ဒီနာက အသင်းအနေဖြင့် ၂၀၂၄ ခုနှစ်ကတည်းက ထိုအစီအစဉ်နှင့် ပတ်သက်၍ ‌ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အသက် ၃၈ နှစ်အရွယ် မက်ဆီနှင့် တိုက်ရိုက်ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ BMO Field အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တိုရွန်တိုအက်ဖ်စီအသင်းနှင့် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) ပုံမှန်ရာသီပွဲစဉ်၌ ကွင်းအတွင်းသို့ ဝင်ရောက်လာသော ပရိသတ်တစ်ဦးနှင့် အမှတ်တရဓာတ်ပုံရိုက်နေသည့် အင်တာမိုင်ယာမီအသင်းမှ လီယွန်နယ် မက်ဆီ (အလယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

“၂၀၂၇ ခုနှစ် ပထမနှစ်ဝက်မှာ နယူးဝဲလ်စ်အသင်းအတွက် လီယို ကစားပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လောလောဆယ်မှာတော့ အဲဒီထက်ပိုတဲ့ ထူးခြားမှုတွေ မရှိသေးပါဘူး” ဟု မက်ဒီနာက အာဂျင်တီးနား သတင်းဌာန TN သို့ ပြောကြားခဲ့သည်။မက်ဆီမှာ ၁၉၉၅ ခုနှစ်က ၎င်း၏လူငယ်ကစားသမားဘဝကို နယူးဝဲလ်စ်အသင်းတွင် စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းက ၎င်း၏အသက် ၁၃ နှစ်အရွယ်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံ အယ်လ်ချီမြို့ရှိ မာတီနက်ဇ် ဗလာရို အားကစားကွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် အာဂျင်တီးနား လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တစ်ခု၌ လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မက်ဆီအနေဖြင့် လက်ရှိတွင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၈ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုထားသည့်အတွက် ယင်းကလပ်အသင်း၏ အထူးခွင့်ပြုချက်ကို လိုအပ်မည်ဖြစ်သည်။
“ဒါက နယူးဝဲလ်စ်အသင်းရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ပရောဂျက်တစ်ခုပါ” ဟု မက်ဒီနာက ဆိုသည်။ “ဒါက ရိုဆာရီယိုမြို့နဲ့ ပြည်နယ်နဲ့ရော၊ အာဂျင်တီးနား ဘောလုံးလောကတစ်ခုလုံးနဲ့ပါ သက်ဆိုင်တဲ့ ပရောဂျက်တစ်ခုပါ။ ဒါက အခြေခံအဆောက်အအုံပိုင်းနဲ့ ပြိုင်ဆိုင်မှုရှိတဲ့ အားကစားအစီအစဉ်အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အရာတွေအပေါ်မှာ မူတည်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မက်ဆီ၏ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော်ဟောင်းဖြစ်သူ အိန်ဂျယ် ဒီမာရီယာမှာလည်း ရိုဆာရီယိုအသင်းမှဖြစ်ကာ လက်ရှိတွင် နယူးဝဲလ်စ်၏ ပြည်တွင်းပြိုင်ဘက် ရိုဆာရီယို စင်ထရယ်အသင်း၌ ကစားလျက်ရှိသည်။

ဘလွန်းဒီအောဆု ရှစ်ကြိမ်ဆွတ်ခူးထားသည့် မက်ဆီက ၎င်း၏ကစားသမားဘဝကို နယူးဝဲလ်စ်အသင်း၌ ကုန်ဆုံးရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ၎င်းအနေဖြင့် မိခင်နိုင်ငံ၌ ပရော်ဖက်ရှင်နယ်ကလပ်အသင်း ကစားသမားအဖြစ် ကစားခဲ့ဖူးခြင်းမရှိပေ။ (Xinhua)
…………………………………………………………………
(English Version)
Newell’s targets Messi homecoming
BUENOS AIRES, Feb. 3 (Xinhua) — Lionel Messi’s boyhood club, Newell’s Old Boys, has outlined plans to sign the World Cup winner on a short-term deal next year.
The Argentine team’s vice president, Juan Manuel Medina, said the club had discussed the plan since 2024 but did not provide details of any direct negotiations with the 38-year-old.
“We are working on Leo playing for Newell’s in the first half of 2027, but for now there is nothing more than that,” Medina told Argentine news outlet TN.
Messi began his youth career at Newell’s in 1995 before signing with Barcelona at the age of 13 in late 2000.
He is currently contracted to Inter Miami until December 2028, meaning he would need special permission from the MLS club.
“It’s a project that goes beyond Newell’s,” Medina added. “It’s a project for the city of Rosario, the province and Argentine football. It all depends on what we can offer in terms of infrastructure and a competitive sports program.”
Messi’s former Argentina international teammate Angel Di Maria is also from Rosario and is currently playing with Newell’s local rival Rosario Central.
Eight-time Ballon d’Or winner Messi has previously expressed a desire to finish his career at Newell’s, having never played professional club football in his homeland.
English Caption 1
Lionel Messi (2nd L) of Inter Miami CF breaks through during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)
English Caption 2
A fan runs into the field to take a selfie with Lionel Messi (C) of Inter Miami CF during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)
English Caption 3
Lionel Messi of the Argentina national football team attends a training session at Martinez Valero Stadium in Elche, Spain, on Nov. 13, 2025. (Str/Xinhua)