Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် ဘရိုက်တန်က လီဗာပူးလ်ကို အနိုင်ရရှိ၊ ချဲလ်ဆီးက အဲဗာတန်ကို ရှုံးနိမ့်

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်၌ ဘရိုက်တန်အသင်းမှ ဒန်နီ ဝဲလ်ဘတ်ခ် (အလယ်) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ပရီးမီးယားလိဂ် ပွဲစဉ်-၃၁ အဖြစ် မတ် ၂၁ ရက် ညပိုင်းက ဘရိုက်တန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်က ဝါရင့်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ခ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧည့်သည် လီဗာပူးလ်အသင်း၏ ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ရေး မျှော်လင့်ချက်များကို မှေးမှိန်စေခဲ့သည်။ဝဲလ်ဘတ်ခ်၏ ယခုရာသီတွင် ၁၁ ဂိုးမြောက်နှင့် ၁၂ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးများက ဘရိုက်တန်၏ နိုင်ပွဲအတွက် အခရာကျခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် ဝဲလ်ဘတ်ခ်က အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း နောက်ခံလူ လူးဝစ်စ် ဒန့်ခ်၏ အမှားမှတစ်ဆင့် မီလော့စ် ကာကက်ဇ်က ပွဲချိန်မိနစ် ၃၀ တွင် ချေပဂိုးသွင်းယူခဲ့ရာ ပထမပိုင်းတွင် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဝဲလ်ဘတ်ခ်က အနိုင်ဂိုးသွင်းယူခဲ့သည်။ သို့ဖြစ်၍ လီဗာပူးလ်အသင်းမှာ ယခုရာသီ၌ ပရီးမီးယားလိဂ် ၃၁ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ထားသည်။

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီ‌ဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာ ဂိုးသွင်းခွင့်လွဲချော်ပြီးနောက် စိတ်ပျက်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အဲဗာတန်အသင်းကလည်း ချဲလ်ဆီးအသင်းကို အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယား၌ အဆင့်-၈ သို့ တက်လှမ်းနိုင်ခဲ့ပြီး နည်းပြ လီယမ် ရိုစီနီယာ၏ ချဲလ်ဆီးအသင်းနှင့် အဆင့်နှစ်ဆင့်၊ ရမှတ်နှစ်မှတ်အကွာ၌ ရပ်တည်လျက်ရှိပြီး ချဲလ်ဆီးအသင်းမှာမူ ရလဒ်ဆိုးရွားမှုများနှင့် ရင်ဆိုင်နေရသည်။

အဲဗာတန်အသင်းအတွက် အနိုင်ဂိုးများကို နော်ဘာတို ဘီတိုက နှစ်ဂိုး၊ အီလီမန် အင်ဒီယာရီက တစ်ဂိုး သွင်းယူပေးခဲ့သဖြင့် အိမ်ကွင်း၌ နိုင်ပွဲဆက်ခဲ့သည်။ ပီအက်စ်ဂျီကို နှစ်ကျော့စလုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို နယူးကာဆယ်ကိုလည်း အိမ်ကွင်း၌ အရေးနိမ့်ခဲ့သည့် ချဲလ်ဆီးအသင်းမှာမူ ရလဒ်များ ဆက်တိုက်ဆိုးရွားနေခဲ့သည်။

ဗြိတိန်နိုင်ငံ လိဒ်စ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်က လိဒ်စ်ယူနိုက်တက်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီ‌ဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် လိဒ်စ်ယူနိုက်တက်နှင့် ဘရန့်ဖို့ဒ်အသင်း၏ ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး တန်းဆင်းဇုန်နှင့် လွတ်လွတ်ကင်းကင်း ရပ်တည်နိုင်ရန် ကြိုးပမ်းနေသည့် အိမ်ရှင် လိဒ်စ်ယူနိုက်တက်အနေဖြင့် ပွဲချိန်နှောင်းပိုင်းတွင် အနိုင်ဂိုးရရှိရန် အကြိတ်အနယ်ကစားခဲ့သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။

ဘန်လေအသင်းမှာ ဖူလ်ဟမ်ကို အဝေးကွင်း၌ ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တန်းဆင်းရရန် ပိုမိုနီးစပ်သွားပြီဖြစ်သည်။ ဇီယန် ဖလမ်းမင်းက ဘန်လေအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဂျို့ရှ်ကင်းနှင့် ဟယ်ရီ ဝီလ်ဆင်တို့က ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့သလို ထပ်ဆောင်းအချိန်ပိုတွင် ရာအူး ဟီမနက်ဇ်က ပင်နယ်တီမှတစ်ဆင့် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။

မတ် ၂၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဘုန်းမောက်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်း၏ ပွဲစဉ်မှာမူ အိမ်ရှင်ဘုန်းမောက်က နှစ်ကြိမ်တိုင်တိုင် နောက်မှလိုက်ကစားကာ ချေပဂိုးများ သွင်းယူခဲ့သဖြင့် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အဆိုပါ သွင်းဂိုးအားလုံးကို ဒုတိယပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်၌ ဟယ်ရီ မက်ဂွိုင်းယား ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ (Xinhua)
…………………………………………………..
(English Version)
Brighton beats Liverpool as Everton piles pain on Chelsea in Premier League
LONDON, March 21 (Xinhua) — Two goals from veteran striker Danny Welbeck earned Brighton a 2-1 home win over Liverpool, denting the visitors’ hopes of a top-four finish.
Welbeck’s 11th and 12th Premier League goals of the season proved vital. He opened the scoring after 14 minutes, and although Milos Kerkez leveled on the half-hour after a poor defensive error from Lewis Dunk, Welbeck’s second after the break settled the game. Liverpool has now lost 10 of their 31 league matches this campaign.
Everton deepened Chelsea’s misery with a 3-0 win at home, moving up to eighth in the table, just two places and two points behind Liam Rosenior’s side.
Two goals from Norberto Beto and one from Iliman Ndiaye gave Everton consecutive home wins, while adding the pain to Chelsea, who have slumped after heavy defeats to Paris Saint-Germain and a home loss to Newcastle United.
Leeds United and Brentford ended Saturday with a 0-0 draw, with the hosts guilty of leaving their push for a winning goal too late as they seek to pull clear of the relegation zone.
Burnley slipped closer to relegation after a 3-1 defeat away to Fulham. Zian Flemming put Burnley ahead, but Josh King and Harry Wilson turned the game around before Raul Jimenez’s stoppage-time penalty sealed the win.
On Friday night, Bournemouth twice came from behind to draw 2-2 at home to Manchester United, with all of the goals coming in the second half, which also saw Harry Maguire sent off for a foul.
English Caption 1
Brighton & Hove Albion’s Danny Welbeck (C) celebrates his goal with his teammates during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)
English Caption 2
Liverpool’s Mohamed Salah reacts after missing a chance during the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
English Caption 3
Liverpool’s captain Virgil van Dijk (R) reacts after Leeds United scores during the English Premier League match between Leeds United and Liverpool in Leeds, Britain, on Dec. 6, 2025. (Xinhua)