Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတော်တရားရုံးချုပ် က အတိုက်အခံခေါင်းဆောင်အား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ပြီး ငွေကြေးပိုင်ဆိုင်မှုများကို ထိန်းချုပ်

ဗင်နီဇွဲလားနိုင်ငံအတိုက်အခံခေါင်းဆောင် Juan Guaido အားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

ကာရာကက်စ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ နိုင်ငံတော်တရားရုံးချုပ် (TSJ) သည် ကြားဖြတ်သမ္မတအဖြစ် မိမိကိုယ်ကို ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် Juan Guaido အား နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး ၎င်း၏ ငွေကြေးပိုင်ဆိုင်မှုများကို ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ် Tarek William Saab က ၎င်း အနေဖြင့် Guaido အား ကြိုတင်ကာကွယ်သည့် အရေးယူမှုများပြုလုပ်ရန် တရားရုံးချုပ်ထံ တောင်းဆိုခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် TSJ ၏ အမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရှေ့နေချုပ် က Guaido အား နိုင်ငံမှ ထွက်ခွာခွင့်၊ ၎င်း၏ ပိုင်ဆိုင်မှုများအား ပေါင်နှံရောင်းချခြင်း နှင့် ဘဏ်အကောင့်များကို ပိတ်ပင်ထိန်းချုပ်မှုများ ပါဝင်သည့် ကြိုတင်ကာကွယ်မှု အရေးယူဆောင်ရွက်ချက်များကို TSJ ထံ တောင်းဆိုခဲ့ကြောင်းပြောကြားခဲ့သည်။

Saab က နိုင်ငံအတွင်း ဇန်နဝါရီ ၂၂ရက် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် Guaido အား ကနဦးစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်းနှင့်အတူ TSJ ထံ ယင်းတောင်းဆိုချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.