Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ ရဲတပ်ဖွဲ့ က ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် အနည်းဆုံး ၈ ဦး သေဆုံး

ကိုလံဘီယာ နိုင်ငံ တွင် ရဲတပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ကိုလံဘီယာ နိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် တိုက်ခိုက်မှု သည် Antioquia ပြည်နယ် San Pedro ဒေသတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး “ပင်လယ်ကွေ့မိသားစု” အမည်ရှိ ဒုစရိုက် အဖွဲ့အစည်း မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၊ ကိုလံဘီယာ နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ အနေဖြင့် ယင်းကဲ့သို့သော အကြမ်းဖက်မှုမျိုး ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်ပြီး သက်ဆိုင်ရာ ဌာန အသီးသီး နှင့် ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူ ကို အမြန်ဆုံး ရှာဖွေ ဖမ်းဆီး သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

“ပင်လယ်ကွေ့မိသားစု” သည် ကိုလံဘီယာ နိုင်ငံ ရှိ အကြီးဆုံးသော ဒုစရိုက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး Antioquia ပြည်နယ် အတွင်း လှုပ်ရှားမှုများ ဆောင်ရွက်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်း အနေဖြင့် မူးယစ်ဆေးဝါး ၊ အနုကြမ်းစီးမှု နှင့် လူသတ်မှု စသည့် ဒုစရိုက်မှု များကို ဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.