Latin America
ဗင်နီဇွဲလားနိုင်ငံ အကျဉ်းထောင်ဆူပူမှုတွင် အနည်းဆုံး လူ ၂၃ ဦး သေဆုံး

ကာရာကာ့စ်၊ မေ ၂၅ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် မေလ ၂၄ ရက်က ဆူပူမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများအရ သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ပေါ်တူဂွီဆာပြည်နယ် အာကရီဂွာမြို့ရှိ ဂျို့စ်အန်တိုနီယိုပါအက်ဇ်ထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများ ဖော်ပြချက်အရ သိရသည်။ (Xinhua)