Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ လွှတ်တော် မှ သမ္မတ မာဒူရို “ရာထူးမှ နှုတ်ထွက်ကြောင်း” ကြေညာ

ဗင်နီဇွဲလား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Borges မှ လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကာရာဂတ် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ အတိုက်အခံ ပါတီ များ ထိန်းချုပ်ထားသည့် နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ် အစည်းအဝေး(လွှတ်တော်) ဇန်နဝါရီလ ၉ ရက်နေ့တွင် အထူးအစည်းအဝေး တစ်ရပ် ကျင်းပ ခဲ့ပြီး သမ္မတ မာဒူရို “ရာထူးမှ နှုတ်ထွက်ကြောင်း” အဆိုကို အတည်ပြုခဲ့သည်။ သို့သော် ဗင်နီဇွဲလား အမြင့်ဆုံး တရားရုံး က လွှတ်တော် အနေဖြင့် သမ္မတ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာပိုင်ခွင့် မရှိကြောင်း ပြောကြား ခဲ့သည်။

လွှတ်တော် အစည်းအဝေး အတွင်း ကိုယ်စားလှယ် ၁၆၃ ဦး အနက် ၁၀၃ ဦး မှ သမ္မတ မာဒူရို “ရာထူးမှ နှုတ်ထွက်ကြောင်း” အဆိုကို ထောက်ခံခဲ့ပြီး အတည်ပြုခဲ့သည်။ လွှတ်တော် ဥက္ကဋ္ဌ Borges က လွှတ်တော် မှ မာဒူရို ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာ အပြီးတွင် နောက်တစ်ဆင့် အနေဖြင့် သမ္မတ ရွေးကောက်ပွဲ ကို ရက်ရှေ့ရွှေ့၍ ကျင်းပ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား အမြင့်ဆုံး တရားရုံး က လွှတ်တော် အနေဖြင့် သမ္မတ အား ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာ ပိုင်ခွင့် မရှိဘဲ မိမိ လုပ်ပိုင်ခွင့် ကို ကျော်လွန်သည့် လုပ်ဆောင်မှုများ ပြုလုပ်ခြင်းကို ရပ်တန့်ရန် ကြေညာ ခဲ့သည်။ ဗင်နီဇွဲလား အာဏာရပါတီ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ Rodriguez က အတိုက်အခံ ပါတီများ အနေဖြင့် လွှတ်တော် အား “ဆပ်ကပ်အဖွဲ့” ကဲ့သို့ပြုလုပ်ခဲ့ပြီး ယခု ဆောင်ရွက်မှုသည့် အဓိပါ္ပယ် မရှိသည့် ၊ တရားမဝင်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အာဏာရပါတီ မှ လွှတ်တော်ကို ထိန်းချုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ပြီးနောက်တွင် မာဒူရို အစိုးရ နှင့် အတိုက်အခံပါတီ အကြား ထိပ်တိုက်တွေ့ဆုံမှုများ ပိုမို ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဗင်နီဇွဲလား လွှတ်တော် အနေဖြင့် သမ္မတ မာဒူရို ကို ရည်ရွယ်၍ နိုင်ငံရေး စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သမ္မတ မာဒူရို သည် ဗင်နီဇွဲလား နိုင်ငံ စီးပွားရေး အခက်အခဲ သို့ကျရောက်ခဲ့ရာတွင် တာဝန်ရှိကြောင်း သတ်မှတ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.