Latin America
သြဂုတ်လတွင် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း နယ်စပ်တစ်လျှောက်၌ အနည်းဆုံး လူ ၆၄,၀၀၀အား ဖမ်းဆီးခြင်း သို့မဟုတ် ဝင်ခွင့်မပြုခြင်း တို့အား ဆောင်ရွက်ခဲ့

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်နိမိတ် တွင် သြဂုတ်လအတွင်း ၌ လူ၆၄,၀၀၀ အား ဖမ်းဆီးခြင်း သို့မဟုတ် နိုင်ငံအတွင်းဝင်ခွင့်မပြုခြင်း ဆောင်ရွက်ခဲ့ပြီး သုံးလဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
နောက်ဆုံးကိန်းဂဏန်း အရ ဇူလိုင်လထက် ၂၂ ရာခိုင်နှုန်းလျှော့ကျခဲ့ပြီး မေလထက်ထက်ဝက်လျှော့ကျခဲ့ကြောင်း၊ အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေး (CBP) ကော်မရှင်အဖွဲ့ဝင် Mark Morgan က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မက္ကဆီကိုအစိုးရအနေဖြင့် ၂၀၁၈ခုနှစ် တစ်နှစ်လုံးတွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၈၃,၀၀၀ ကိုဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ယခုအထိ လူဦးရေ ၁၃၄,၀၀၀ ကို ဖမ်းဆီးနိုင်ခဲ့ရာ အမေရိကန်ပြည်ထောင်စု သို့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ကို ရပ်တန့်ရန် အားထုတ်ကြိုးပမ်းခဲ့သည့် မက္ကစီကန်အစိုးရ ကို Morgan ကချီးကျူးပြောဆိုခဲ့သည်။
မေလ အတွင်းတွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၁၃၀,၀၀၀ ကိုဖမ်းဆီးရမိပြီးနောက် အမေရိကန်သမ္မတ ထရမ့် အစိုးရအဖွဲ့က မက္ကဆီကို အစိုးရအနေဖြင့် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ နှင့် ပတ်သက်၍ ကူညီမှုမရှိပါက မက္ကဆီကို ကုန်သွယ်ရေးအား အတားအဆီးများပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။ (Xinhua)