Connect with us

Latin America

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းတွင် ပြင်းအား ၅.၆ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့်နေရာအား မြေပုံ၌တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ကွီတို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို(Quito)၊ Guayaquilမြို့နှင့် အနောက်တောင်ပိုင်းရှိ မြို့အတော်များများတွင် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းအား မသိရှိရသေးကြောင်း သိရသည်။အဆိုပါငလျင်မှာ အောက်တိုဘာ ၂၁ ရက် ဒေသစံတော်ချိန် ၁၆ နာရီ ၀၈ မိနစ်က Guayasပြည်နယ် Isidro Ayoraဒေသ၌ မြေပြင်အောက်အနက် ၂၉.၉၉ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ငလျင်လှုပ်ခတ်ချိန်တွင် လူအများက အထိတ်တလန့် လမ်းမပေါ်သို့ ပြေးဆင်းလာကြသည်ဟု ဒေသခံမီဒီယာများက ဆိုသည်။အီကွေဒေါနိုင်ငံသည် ပစိဖိတ်ငလျင်ခါးပတ်ကြောတွင်တည်ရှိရာ ငလျင်လှုပ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.