Latin America
အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူဦးရေ သည် ၄၁ ဦး အထိ မြင့်တက်လာ
အီကွေဒေါ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း အနီးကို ဗဟိုပြု၍ ဧပြီလ ၁၆ ရက်က ပြင်းအား ရစ်ချ်တာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၄၁ ဦး အထိ မြင့်တက်လာခဲ့ကြောင်း အီကွေဒေါ ဒုတိယသမ္မတ Jorge Glas ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။
ပထမ ငလျင်ကြီး လှုပ်ခတ်ပြီး တစ်နာရီ အကြာတွင် ငလျင်ငယ် များစွာ ထပ်မံ လှုပ်ခတ်ခဲ့ပြီး အချို့မှာ ပြင်းအား ရစ်ချ်တာ စကေး ၅.၆ ရှိကြောင်း သိရသည်။
အီကွေဒေါ နိုင်ငံသည် မီးတောင် ပေါက်ကွဲမှုနှင့် ငလျင် လှုပ်ခတ်မှု အြကိမ် အရေအတွက် များပြားသည့် ဒေသတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)