Connect with us

Latin America

ရာသီဥတုလှုပ်ရှားမှုဆိုင်ရာ ကြေညာချက်အား ဘယ်လမ် ရာသီဥတုထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ ကျင်းပသည့် ရာသီဥတုထိပ်သီးအစည်းအဝေးတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော အစည်းအဝေး တက်ရောက်လာသည့် ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘယ်လမ် (ဘရာဇီး)၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

နှစ်ရက်ကြာ ကျင်းပခဲ့သည့် ဘယ်လမ် ရာသီဥတုထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် လူသားဗဟိုပြုသည့် ရာသီဥတုလှုပ်ရှားမှုဆိုင်ရာ ကြေညာချက်တစ်ခုကို အတည်ပြုခဲ့သည်။ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု စသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအား ကိုင်တွယ်စီမံရေး လှုပ်ရှားမှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်နှင့် ဥရောပသမဂ္ဂတို့သည် အဆိုပါကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့သည် ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း စသည့် အခက်အခဲများကို ပြင်းထန်လာစေကြောင်း၊ အဆိုပါ အခက်အခဲများသည် တန်းတူညီမျှမှုမရှိခြင်းကို ဆိုးရွားသွားစေပြီး လူနေမှုဘဝအပေါ် ခြိမ်းခြောက်မှုဖြစ်စေကာ ဆင်းရဲနွမ်းပါးသော သို့မဟုတ် ထိလွယ်ရှလွယ်ရှိသော အခြေအနေတွင် နေထိုင်နေရသူများအပေါ် ပိုမိုဆိုးရွားသည့် သက်ရောက်မှုဖြစ်စေကြောင်း ကြေညာချက်က ဆိုထားသည်။

ဘက်အသီးသီးအနေဖြင့် ရာသီဥတုပြောင်းလဲမှု ပြေလျော့စေရန် လျှော့ချရေးနှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်ရေး အစီအမံများ၊ အထူးသဖြင့် လူသားဗဟိုပြု၍ လူမှုအသိုက်အဝန်း ကြံ့ကြံ့ခံနိုင်ရည်အား မြှင့်တင်ပေးသည့် အစီအမံများဖြစ်သော လူမှုအသိုက်အဝန်းအား ကာကွယ်မှု၊ စိုက်ပျိုးသီးနှံ အာမခံ စသည် တို့တွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန် ကြေညာချက်က တိုက်တွန်းထားသည်။
အဆိုပါကြေညာချက်တွင် ရာသီဥတုဆိုင်ရာ အရင်းအနှီးထည့်ဝင်ခြင်းဖြင့် စိုက်ပျိုးရေးတောင်သူငယ်၊ သမားရိုးကျ လူမှုအသိုက်အဝန်းနှင့် သစ်တောဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း ဖန်တီးခြင်းကို အဓိကလုပ်ဆောင်ရန်အတွက် လူသားဗဟိုပြု၍ ရာသီဥတုဆိုင်ရာ အရင်းအနှီးထည့်ဝင်မှု ဖြေရှင်းရေးနည်းလမ်းကိုလည်း အဆိုပြုထားသည်။ (Xinhua)
———————————————
(Chinese Version)
贝伦气候峰会通过气候行动相关宣言
新华社巴西贝伦11月7日电(记者赵焱 陈威华)为期两天的贝伦气候峰会7日落下帷幕,会议通过了一份关于饥饿、贫困和以人为本的气候行动的宣言。
包括中国在内的40多个国家和欧盟共同签署了这份宣言,旨在促进行动应对饥饿和贫困等气候变化带来的影响。
宣言说,气候变化、环境退化和生物多样性丧失正在恶化饥饿、贫困和粮食不安全等问题,这些问题正在加剧不平等,威胁生计,对那些已经生活在贫困或脆弱中的人造成更严重的影响。
宣言呼吁各方继续投资于减缓和适应气候变化的措施,特别是重视以人为本的增强社区韧性措施,如社会保护、农作物保险等。
该宣言还倡导以人为本的气候融资解决方案,让气候融资重点为小农、传统社区和森林居民创造就业机会和生计。(完)
图说:11月7日,与会嘉宾在巴西贝伦气候峰会上合影。新华社发(卢西奥·塔沃拉摄)