Connect with us

International Organizations

နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ဖွင့်ပွဲအခမ်းအနား ဟောင်ကောင်တွင် ကျင်းပ

နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ဖွင့်ပွဲ အခမ်းအနားတွင် ဧည့်သည်တော်များ စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ရုံးချုပ်ကို တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ထူထောင်ထားသော နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ “နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့(IOMed) ထူထောင်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်” အဖွဲ့ဝင်နိုင်ငံများ၊ လက်မှတ်ရေးထိုးထားသော နိုင်ငံကိုယ်စားလှယ်များနှင့် HKSAR နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနား၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟွာချွမ်းရင် အမှာစကားပြောကြားရာတွင် ငါးလကြာ အချိန်တိုလေးအတွင်း IOMed သည် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးခြင်း၊ အသက်ဝင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ စတင်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယင်းမြန်ဆန်မှုသည် နိုင်ငံတကာအဖွဲ့အစည်းတည်ဆောက်မှုသမိုင်းတွင် အလွန်ရှားရှားပါးပါးဖြစ်ပြီး IOMed သည် ခေတ်နှင့်လိုက်လျောညီထွေဖြစ်သည်ကို အပြည့်အဝ ဖော်ပြခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုကို ရရှိထားကြောင်း ပြောကြားခဲ့သည်။
IOMed ၏ အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် အထူး ကိုက်ညီမှုရှိပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးအတွက် တရားဥပဒေစိုးမိုးရေး အပြုသဘောဆောင်သော စွမ်းအင်များ ဖြည့်တင်းပေးမည်ဖြစ်သလို ဟောင်ကောင်ဒေသအား “ညှိနှိုင်းဖျန်ဖြေရေး မြို့” အဖြစ် ဖန်တီးရန် အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ IOMed ကို အပြည့်အဝ အသုံးချပြီး နိုင်ငံတကာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် အကျိုးသစ်များ ဆောင်ကြဉ်းသွားရန် ပိုမိုများပြားသော နိုင်ငံများ တက်ကြွစွာ ပါဝင်ရန် ၎င်းက ကြိုဆိုခဲ့သည်။
IOMed သည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးကို တန်ဖိုးထား ရှုမြင်ကာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ ကျင့်သုံးပြီး နိုင်ငံတကာ အငြင်းပွားမှုများ ကဏ္ဍတွင် ငြိမ်းချမ်းစွာ ဖြေရှင်းပေးသည့် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူထုတ်ကုန်နှင့် အရေးပါသော မဏ္ဏိုင်တိုင် ဖြစ်လာရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ IOMed ၏ ရည်ရွယ်ချက်မှာ နိုင်ငံများအကြား အငြင်းပွားမှု၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုနှင့် နိုင်ငံတကာ စီးပွားရေးရာ အငြင်းပွားမှုများအတွက် ညှိနှိုင်းဖျန်ဖြေပေးရေး ဝန်ဆောင်မှု ပံ့ပိုးရန် ဖြစ်ကြောင်း IOMed အထွေထွေအတွင်းရေးမှူချုပ် ကျိန့်ရော့ဟွာက အမှာစကားတွင် ထောက်ပြခဲ့သည်။
KSAR အမှုဆောင်ချုပ် လီကျားချောင်းက အမှာစကားပြောကြားတွင် ဟောင်ကောင်က IOMed ရုံးချုပ်တည်ရှိရာ ဒေသဖြစ်လာသည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း၊ ဟောင်ကောင်သည် “အမိမြေကို ကျောထောက်နောက်ခံပြုပြီး ကမ္ဘာနှင့် ချိတ်ဆက်သော” အားသာချက်ရှိပြီး တစ်ချိန်တည်းမှာပင် ကြာရှည်သော တရားဥပဒေစိုးမိုးရေး အစဉ်အလာကို လက်ကိုင်ထားကြောင်း၊ ဟောင်ကောင်သည် “သာလွန်သော ချိတ်ဆက်ပေးသူ” နှင့် “သာလွန်သော တန်ဖိုးမြှင့်ပေးသူ” အဖြစ် ၎င်း၏အခန်းကဏ္ဍကို တစ်ဆင့်တိုး ပါဝင်ဆောင်ရွက်ကာ IOMed နှင့် အငြင်းပွားမှုဖြေရှင်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
IOMed ထူထောင်ခြင်းသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လက်တွေ့ကျင့်သုံးခဲ့ပြီး နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးကဏ္ဍ ယန္တရား၏ ကွက်လပ်များကို ဖြည့်စွက်သွားမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ကောင်းမွန်ပြည့်စုံရေးအတွက် အရေးပါသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အများပြည်သူ ထုတ်ကုန်ဖြစ်ကြောင်း နီကာရာဂွါ၊ ဗင်နီဇွဲလား၊ ကွန်ဂို (ဘရာဇာဗီးလ်)၊ ခီရီဘာတီ၊ ကင်ညာ၊ ဒိုမီနီကာ စသည့် အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များက အမှာစကားတွင် ထောက်ပြခဲ့သည်။ ၎င်းတို့သည် IOMed အရေးပါသော အနက်အဓိပ္ပာယ်ကို အထူးတန်ဖိုးထား ချီးကျူးခဲ့ပြီး ယင်းပလက်ဖောင်းမှတစ်ဆင့် နိုင်ငံတကာ အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို တွန်းအားပေးကာ ပိုမိုတရားမျှတသော နိုင်ငံတကာ စည်းစနစ် ဖွဲ့စည်းတည်ဆောက်ရေးအတွက် ခွန်အားများ ပံ့ပိုးကူညီသွားရန် မျှော်လင့်ကြသည်။
“နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ထူထောင်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်” လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်က ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် တရားဝင်အသက်ဝင်ခဲ့သည်။ လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးသော နိုင်ငံစုစုပေါင်း အရေအတွက်မှာ ၃၇ နိုင်ငံခဲ့ပြီး တရုတ်၊ နီကာရာဂွါ၊ ဗင်နီဇွဲလား၊ ကွန်ဂို (ဘရာဇာဗီးလ်)၊ ခီရီဘာတီ၊ ကင်ညာ၊ ဒိုမီနီကာ ၈ နိုင်ငံသည် ပဋိညာဉ်စာချုပ်ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။
IOMed ၏ ရုံးချုပ်အဆောက်အဦသည် HKSAR ၏ သမိုင်းဝင်အဆောက်အဦဖြစ်သော ဝမ့်ကြိုင်ရဲစခန်း၏ ယခင်အဆောက်အဦဖြစ်သည်။ ရုံးချုပ်သည် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းနှင့် စွမ်းရည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခေတ်မီသော အစည်းအဝေးခန်းများနှင့် ဆွေးနွေးခန်းများဖြင့် ထားရှိပေသည်။ (Xinhua)


…………………………
(Chinese Version)
国际调解院开业仪式在香港举行
新华社香港10月20日电(记者王昕怡)总部设在中国香港的国际调解院20日举行开业仪式,《关于建立国际调解院的公约》缔约国、签署国代表及香港特别行政区各界人士近200人出席仪式。
中国外交部副部长华春莹致辞表示,短短5个月内,国际调解院实现了公约签署、生效和开业运营,速度之快在国际组织建设史上十分罕见,充分表明国际调解院顺应时代潮流,受到国际社会的广泛支持。
她指出,国际调解院理念与全球治理倡议高度契合,将为构建人类命运共同体注入法治正能量,也将助力香港打造“调解之都”。她欢迎更多国家积极加入,充分利用国际调解院为和平解决国际争端作出新贡献。
国际调解院秘书长郑若骅致辞指出,国际调解院珍视并践行多边主义,致力于成为和平解决国际争端领域的全球公共产品和重要支柱。国际调解院旨在为国家间争议、国际投资争议以及国际商事争议提供调解服务。
香港特区行政长官李家超致辞表示,很荣幸香港能成为国际调解院总部的所在地。香港享有“背靠祖国、联通世界”的优势,同时秉持着悠久的法治传统。香港将进一步发挥“超级联系人”与“超级增值人”角色,支持国际调解院和争端解决事业发展。
尼加拉瓜、委内瑞拉、刚果(布)、基里巴斯、巴基斯坦、肯尼亚、多米尼克等缔约国代表致辞指出,国际调解院的成立践行了《联合国宪章》宗旨和原则,将填补国际调解领域机制的空白,是为完善全球治理提供的重要法治公共产品。他们高度评价国际调解院的重要意义,期待以此为平台,推动和平解决国际争端,为构建更加公正合理的国际秩序贡献力量。
《关于建立国际调解院的公约》签署仪式于2025年5月30日举行,公约于2025年8月29日正式生效。截至目前,签署国总数达37个。已有中国、尼加拉瓜、委内瑞拉、刚果(布)、基里巴斯、巴基斯坦、肯尼亚、多米尼克8个国家批准公约。
国际调解院总部大楼前身为香港特别行政区历史建筑旧湾仔警署。总部配备了先进的会议室与讨论室,用于开展调解工作与能力建设。(完)
图说:10月20日,嘉宾在国际调解院开业仪式上合影。新华社记者 朱炜 摄